စွန့်ပစ်ကြံဖတ်ပုံတောမီးမှတဆင့် မီးလောင်မှုဖြစ်ပွား (သတင်းဓာတ်ပုံ)

April 3, 2017

ဂရိတ်ဝေါလ်သကြားစက်ရုံ စွန့်ပစ်ကြံဖတ်ပုံတောမီးမှတဆင့် မီးလောင်မှုဖြစ်ပွား (သတင်းဓာတ်ပုံ)

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်မှာရှိတဲ့ ဂရိတ်ဝေါလ်(ဝေမာ) သကြားစက်ရုံရဲ့ စွန့်ပစ်ကြံဖတ်ပုံ တောမီးကတဆင့် မီးလောင်မှု မနေ့က ဖြစ်ပွားခဲ့ပါတယ်။ ဧပြီ ၂ ရက် မွန်းလွဲ ၁ နာရီလောက်က ထီးချိုင့်မြို့နယ်၊ မောင်းကုန်းရွာအနီးရှိ ဂရိတ်ဝေါလ်(ဝေမာ) သကြားစက်ရုံအနီး  ၃ ဧကလောက်ရှိတဲ့  စွန့်ပစ်ကြံဖတ်ပုံ မီးလောင်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး  စက်ရုံနဲ့ ၅ ဖာလုံလောက် ဝေးကွာလို့  စိုးရိမ်စရာမရှိဘူးလို့ ထီးချိုင့်မြို့နယ် မီးသတ်ဦးစီးမှူး ဦးစိုးသူက ပြောပါတယ်။ မီးလောင်မှု ဖြစ်ပွားရာ နေရာကို ထီးချိုင့်မီးသတ်မှ မီးသတ်တပ်ဖွဲ့ဝင် ၁၀ ဦး မီးသတ်ယာဉ် ၇ စီးနဲ့ ငြှိမ်းသတ်ခဲ့တယ်လို့ သိရပါတယ်။ သတင်း - ကိုကိုလင်း(အင်းတော်)
4 years Ago
Up