စွန့်ပစ်ပစ္စည်း

January 24, 2019

စွန့်ပစ်ပလတ်စတစ် ၄၂ တန် အသုံးပြုပြီး အနုပညာလက်ရာများ ဖန်တီး

အများပြည်သူနေရာတွေမှာ အနုပညာလက်ရာတွေ ဖန်တီးတဲ့ ပေါ်တူကီ အနုပညာရှင်  အာလ်တိုဘိုဒါလိုရဲ့ စွန့်ပစ်ပစ္စည်းတဖြစ်လဲ အနုပညာလက်ရာနှစ်ခုကို အခုအခါ ပါရီမြို့ လမ်းတွေမှာ မြင်တွေ့ရပါတယ်။ စွန့်ပစ် ကားဘန်ဘာတွေ၊ ပုံးခွံတွေနဲ့ စွန့်ပစ် ပလတ်စတစ် အမာစားတွေကို ဘိုဒါလိုက မျိုးသုဉ်းပျောက်ကွယ်တော့မယ့် တိရစ္ဆာန်ရုပ်တွေအဖြစ် ဖန်တီးခဲ့တာပါ။ သူ့ရဲ့လက်ရာနှစ်ခုကတော့ လီမာမျောက်နဲ့ ဇီးကွက်တို့ပဲ ဖြစ်ပါတယ်။ ဘိုနာလိုဟာ စွန့်ပစ် ပလတ်စတစ် ၄၂ တန်ကို အသုံးပြုပြီး တိုက်ကြီး ၄ တိုက်က နိုင်ငံပေါင်း ၂၃ နိုင်ငံမှာ အနုပညာလက်ရာ အခု ၁၃၀ ကို ဖန်တီးခဲ့ပါတယ်။ ပတ်ဝန်းကျင်ညစ်ညမ်းမှု ဖြစ်စေပြီး တိရစ္ဆာန်တွေကို မျိုးသုဉ်းစေတဲ့ ပလတ်စတစ်နဲ့ အဲဒီ တိရစ္ဆာန်ရုပ်တွေကို ဖန်တီးတာဟာ ထုတ်ကုန်ပစ္စည်းတွေရဲ့ သဘာဝပတ်ဝန်းကျော်အပေါ် သက်ရောက်မှုကို လူတွေ သတိပြုလာစေဖို့ ဖြစ်တယ်လို့ အနုပညာဖန်တီးရှင် ဘိုဒါလိုက ပြောခဲ့ပါတယ်။ သူ့ရဲ့ “ပါရီသဘောတူညီချက်” အနုပညာလက်ရာ ပြခန်းကို ဇန်နဝါရီ ၂၆ ရက်နေ့ ဖွင့်လှစ်မှာဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago

October 18, 2018

စွန့်ပစ်ပစ္စည်းများဖြင့် စာသင်ကျောင်း တည်ဆောက်သည့် ကမ္ဘောဒီးယားနိုင်ငံသား

ကမ္ဘောဒီးယားနိုင်ငံသား တယောက်ဟာ စွန့်ပစ်ပစ္စည်းတွေကို သုံးပြီး စာသင်ကျောင်း တည်ထောင်ထားပါတယ်။ သူ့ကျောင်းမှာ တက်ရောက်သင်ကြားတဲ့ ကျောင်းသားတွေအတွက် သင်တန်းကြေးကို စွန့်ပစ်ပစ္စည်းတွေနဲ့ ပေးချေခိုင်းပါတယ်။ ကမ္ဘောဒီးယားနိုင်ငံသား အုတ်ဗန်ဒန်ဟာ နိုင်ငံအနောက်တောင်ပိုင်း ကမ်ပွန်စပူ ပြည်နယ်ထဲက ကျောင်းတခုလုံးနီးပါးကို စွန့်ပစ်ပစ္စည်းတွေနဲ့ တည်ဆောက်ထားတာပါ။ ကိုကိုးနပ်စကူးလ်လို့ နာမည်ပေးထားတဲ့ ဒီကျောင်းကို ကားတာယာ၊ ရေသန့်ဘူးခွံ၊ ဖိနပ်ဟောင်း အပါအဝင် ပစ္စည်းတွေနဲ့ တည်ဆောက်ထားပါတယ်။ “အမှိုက်တွေကနေ စာသင်ကျောင်း၊ စာကြည့်တိုက်နဲ့ ကျောင်းထဲက အဆင်အယင်တွေ ဖြစ်အောင် ပြောင်းဖို့ ကလေးတွေကို ကျနော် ပညာပေးတယ်၊ စွန့်ပစ်ပစ္စည်းတွေကို အသုံးဝင်တဲ့နည်းတွေနဲ့ သုံးရတဲ့တန်ဖိုးကို ကလေးတွေနားလည်အောင် ပြောပြတယ်” လို့ သူက ပြောပါတယ်။ “ကမ္ဘောဒီးယားနိုင်ငံမှာ ပညာရေးက အခမဲ့ပါ။ ဒါပေမယ့် ကွန်ပျူတာ၊ သင်္ချာနဲ့ အင်္ဂလိပ် ဘာသာစကားလို သင်တန်းတွေက အခမဲ့မဟုတ်ပါဘူး။ ကျောင်းတည်ထောင်သူက ကျောင်းသားတွေအတွက် သင်တန်းကြေးအဖြစ် စွန့်ပစ်ပစ္စည်းတွေနဲ့ ပေးချေခိုင်းပါတယ်။ ဆင်းရဲတဲ့ ကလေးအများအပြားဟာ မိသားစုဝင်ငွေအတွက် တောင်းစားခိုင်းတာ ခံရလေ့ရှိပါတယ်။ ဒီကျောင်းမှာ အင်္ဂလိပ်နဲ့ ခမာ ဘာသာစကားတွေကို သင်နေတယ်။ အင်္ဂလိပ်ဆရာက သမီးကို တောင်းစားဖို့နဲ့ လောင်းကစားလုပ်ဖို့ ခွင့်မပြုဘူး။ ကြီးလာရင် ဆရာဝန်တယောက် ဖြစ်ချင်တယ်” လို့ ကျောင်းသူတယောက်က ပြောပါတယ်။ ကျောင်းတည်ထောင်သူဟာ လာမယ့်နှစ်မှာ ကလေး အယောက် ၂ဝဝ ကို လက်ခံဖို့ သူ့စာသင်ခန်းတွေကို တိုးချဲ့ဖို့ စီစဉ်နေပါတယ်။
3 years Ago
More News
Up