စွန့်ပစ်ထားသည့် မွေးကင်းစကလေး အသေတွေ့

June 7, 2017

မိတ္ထီလာကန် ရေကျော် ၇ ပေါက်တွင် စွန့်ပစ်ထားသည့် မွေးကင်းစကလေး အသေတွေ့

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ ရန်ကုန်ဘက်အထွက် မိတ္ထီလာကန်ရေကျော် ၇ ပေါက် မြောက်ဘက်ဘေးရှိ မြေသားပေါ်မှာ ဇွန်လ ၆ ရက် နေ့လယ် ၂ နာရီလောက်မှာ မွေးကင်းစကလေး အသေ တွေ့ရတယ်လို့ မြို့မရဲစခန်းက ပြောပါတယ်။ ဒုရဲအုပ် အောင်သူမင်းက “ကလေးအလောင်းတလောင်း တွေ့တယ်လို့ သတင်းရရချင်း သွားခဲ့တယ်။ ခန့်မှန်းတာကတော့ ၁၄ ရက်သားလောက်ပဲ ထင်တယ်။ ကလေးလေးက ယောကျာ်းလေးပါ”လို့ ပြောပါတယ်။ မိတ္ထီလာမြို့မရဲစခန်းမှာ အမှုအမှတ် (ပ)၂၆၁/၂၀၁၇ ကလေးအလောင်းကို တိတ်တဆိတ် စွန့်ပစ်ခြင်း၊ ဖျောက်ဖျက်ခြင်း ရာဇသတ်ကြီးပုဒ်မ ၃၁၈ နဲ့ အမှုဖွင့်ပြီး စွန့်ပစ်သူကို စုံစမ်းနေပါတယ်။ သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)
4 years Ago
Up