စွန့်ပစ်ခံရ

February 4, 2018

မြင်းခြံမြို့တွင် ​မွေးကင်းစ က​လေးငယ်​တဦး စွန့်ပစ်ခံရ

မန္တ​လေးတိုင်း​ဒေသကြီး၊ မြင်းခြံမြို့ အမှတ်​ ၁၃ ရပ်​ကွက်​ သရဝဏ်​ဝန်းအတွင်းရှိ ​​နေအိမ်​အနီးအနားမှာ ​ဖေ​ဖော်​ဝါရီ ၃ ရက်​ညက ​မွေးကင်းစ​ မိန်းက​လေးတဦးကို လာ​ရောက်​စွန့်​ပစ်​ထားတယ်​လို့ အမှတ်​ ၁၃ အုပ်​ချုပ်​​ရေးမှူးရုံးက ပြောပါတယ်။ မြင်းခြံ အမှတ်​ ၁၃ ရပ်​ကွက်​ အုပ်​ချုပ်​​ရေးမှူး ဦးတင်​​ဌေး က “ည ၈ နာရီလောက်က သရဝဏ်​ဝန်းအတွင်း ​နေထိုင်​တဲ့ ဦးမျိုးဟန်​က သူ့ရဲ့အိမ်​နားမှာ က​လေးငယ်​တဦး လာေ​ရာက် ​စွန့်​ပစ်​ထားတယ်​လို့ အ​ကြောင်းကြားလာပါတယ်​။ ကျ​နော်​တို့ သွားကြည့်ပြီး သက်​ဆိုင်​ဌာန​တွေကို အ​ကြောင်းကြားလိုက်​ပါတယ်​။ အဲဒီနောက်​ က​လေးငယ်​ကို ​ဆေးရုံကို ပို့​​ဆောင်​​ပေးပြီး ​ဆေးကုသခံယူ​စေခဲ့ပါတယ်​လို့ ​ပြောပါတယ်​။ မြင်းခြံ ပြည်​သူ့​ဆေးရုံကြီးက ​မွေးကင်းစ မိန်းက​လေးငယ်​ကို အထူးကြပ်​မတ်​​ဆောင်​မှာ ကုသ​ပေး​နေပြီး က​လေးငယ်​ရဲ့ ကိုယ်​အ​လေးချိန်​ဟာ ၄ ​ပေါင်​ခွဲရှိပြီး ကျန်းမာ​ရေး​ ကောင်းမွန်​တယ်​လို့လည်း ​သိရပါတယ်​။ မြင်းခြံခရိုင်​ ပြည်​သူ့​ဆေးရုံအုပ်​ကြီးဖြစ်​တဲ့ ​ဒေါက်​တာ ဦးထွန်းဝင်းက “ကျ​နော်​တို့ ​ဆေးရုံကို ည ၈ နာရီ ​ကျော်​​လောက်​မှာ အမှတ်​ ၁၃ အုပ်​ချုပ်​​ရေးမှူးက လာပို့​ပေးတာပါ။ လက်​​ထောက်​ဆရာဝန်​​တွေနဲ့ က​လေးငယ်​ကို ​သေချာစစ်​​ဆေးပြီး ​ဆေးရုံမှာ ကုသ​ပေး​နေပါတယ်​။ က​လေးနဲ့ ပတ်​သက်ပြီး ​ဆေး/လူမှုဆက်​ဆံ​ရေးနဲ့ ပူး​ပေါင်းပြီး​တော့ ရဲစခန်း​တွေမှာ တိုင်​ကြားမှု ရှိမရှိ စစ်​​ဆေးပြီး က​လေးငယ်​နဲ့ ပတ်​သတ်​ပြီး ​ဆောင်​ရွက်​စရာများကို ဆက်​လက်​ လုပ်​​ဆောင်​သွားမှာပါလို့ ပြောပါတယ်။ လက်​ရှိမှာ စွန့်​ပစ်​ခံ ​မွေးကင်းစက​လေးငယ်​ မိန်းက​လေးကို တာဝန်​ယူ​မွေးစားချင်​သူ ၅ ​ဦး​လောက်​က ​ဆေးရုံကို လာ​ရောက်​ ဆက်​သွယ်​ အ​ကြောင်းကြားထားတယ်​လို့ သိရပါတယ်​။ ရီရီထွန်း (မြင်းခြံ )
3 years Ago

April 20, 2017

မုံရွာမြို့တွင်ချက်ကြိုးတန်းလန်းနှင့် မွေးကင်းစကလေးငယ် စွန့်ပစ်ခံရ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အေးသာယာရပ်ကွက်၊ ရွှေသိမ်တော်ကြီး ဘုန်းတော်ကြီးကျောင်းအနီးမှာ ရက်သားအရွယ်သာရှိသေးတဲ့ ချက်ကြိုးတန်းလန်းနဲ့ ကလေးငယ် စွန့်ပစ်ခံရမှု ဧပြီ ၁၉ ရက်ည ၈ နာရီလောက်  ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ အေးသာယာရပ်ကွက်မှ လူမှုကူညီရေး ဆောင်ရွက်နေသူ ကိုသော်တာက "ကလေးငယ်ကို ဘယ်သူက တွေ့တာလဲတော့ မသိလိုက်ဘူး။ ဒါပေမယ့် ပြောသံ ကြားတာတော့ ကလေးက ယောက်ျားလေး။ ခြင်အုပ်မွေ့ရာလေးနဲ့၊ ၁ သောင်းတန် ငွေစက္ကူ ၂ ရွက်ရယ်၊ ဩဇာညွန့်ရယ် ပါတယ်။ ဩဇာညွန့်က ညစွန့်တာဆိုတော့ ကလေးကို မကောင်းကောင်တွေ ဘာတွေပါမှာစိုးလို့ ထင်ပါတယ်" လို့ ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မုံရွာမြို့မရဲစခန်းကို ဆက်သွယ်မေးမြန်းရာမှာတော့ အမှုဖွင့်ထားတာ မရှိသေးဘူးလို့ သိရပါတယ်။ အေးသာယာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းအောင်က“စတွေ့တာက ကျောင်းသားလေးက မြင်တာပေါ့။ မြင်လို့ ဘုန်းကြီး သွားလျှောက်တာကနေ ပြန်လာကြည့်တော့ ကလေးပဲ တွေ့ရတယ်။ ကလေးက ကျန်းမာပါတယ်။ ဒီဟာနဲ့ပတ်သက်ပြီး သက်ဆိုင်ရာတော့ အကြောင်းကြားထားတယ်။ အမှုဖွင့်တာတော့ မရှိသေးဘူး။ လောလောဆယ်တော့ မုံရွာတောင်နယ်မြေရဲကင်းမှူးက လာရောက်ပြီး မွေးစားချင်တဲ့အတွက် ဘုန်းကြီး၊ ရပ်ကွက်တာဝန်ရှိသူတွေရှေ့မှာ လက်မှတ်ထိုးပြီး ခေါ်ယူထားတယ်"လို့ ဒီဗွီဘီကိုပြောပါတယ်။ မနှစ်ကလည်း အေးသာယာရပ်ကွက်အပိုင်မှာပဲ မွေးကင်းစ ကလေးငယ် စွန့်ပစ်မှု ဖြစ်ပွားခဲ့ပါသေးတယ်။
4 years Ago
Up