စွန့်ပစ်ကားပစ္စည်း အစိတ်အပိုင်းများဖြင့် ထရန်စဖော်မာဇာတ်ကောင် ပုံစံတူ တည်ဆောက်

December 25, 2015

စွန့်ပစ်ကားပစ္စည်း အစိတ်အပိုင်းများဖြင့် ထရန်စဖော်မာဇာတ်ကောင် ပုံစံတူ တည်ဆောက် (ရုပ်သံ)

တရုတ်နိုင်ငံမြောက်ပိုင်း၊ ဟဘေးခရိုင် တန့်ရှန်းမြို့မှာ အလုပ်သမား ၂ ဦးဟာ နာမည်ကြီး “ထရန်စဖော်မာ” ရုပ်ရှင်ဇာတ်ကားထဲက “ဘမ်ဘဲလ်ဘီး” ပုံစံတူကို စွန့်ပစ်ကားပစ္စည်း အစိတ်အပိုင်းတွေ အသုံးပြုပြီး တည်ဆောက်နိုင်ခဲ့ကြတယ်လို့ စီစီတီဗွီသတင်းမှာ ဒီဇင်ဘာ ၂၄ ရက်နေ့က ဖော်ပြပါတယ်။ ဒေါင်နဲ့ ဇန် အမည်ရတဲ့ အဲဒီအလုပ်သမား ၂ ဦးဟာ ထရန်စဖော်မာရုပ်ရှင်ကို ကြည့်ခဲ့ပြီးချိန်ကတည်းက ဘမ်ဘဲလ်ဘီးဇာတ်ကောင် ပရိသတ်တွေ ဖြစ်လာခဲ့ပြီး လွန်ခဲ့တဲ့ ၆ လလောက်တည်းက တည်ဆောက်ခဲ့ကြတာပါ။ ၆ မီတာအမြင့်ရှိတဲ့ ပုံစံတူအရုပ်ကို စတီးလ်ဘုတ်ပြားတွေ၊ ကားနဲ့ မော်တော်ဆိုင်ကယ် အပိုင်းအစတွေကို အသုံးပြု တည်ဆောက်ခဲ့တာပါ။ ဘမ်ဘဲလ်ဘီးပုံစံတူအရုပ်ရဲ့ ဦးခေါင်းပိုင်းနဲ့ ရင်ဘတ်ပိုင်းကို စတီးဘုတ်ပြား အစိတ်အပိုင်းတွေ အသုံးပြု တည်ဆောက်ထားပြီး လက်မောင်းနဲ့ ကိုင်ဆောင်ထားတဲ့ လက်နက်တွေကိုတော့ စတီးပြွန်ချောင်းနဲ့ ဂီယာတွေကို အသုံးပြု တည်ဆောက်ထားတာပါ။ ခုလို ထရန်စဖော်မာဇာတ်ကောင်ပုံစံတူ တည်ဆောက်မှုဟာ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနဲ့ ကာဗွန်ထုတ်လုပ်မှု အနိမ့်ဆုံး လျှော့ချစေနိုင်ဖို့ ရည်ရွယ်တာဖြစ်တယ်လို့ ဒေါင်နဲ့ ဇန်က ပြောပါတယ်။
6 years Ago
Up