စွန့်ပစ်

September 26, 2018

မွေးကင်းစ ကလေးအသေကို ၄-၅ နှစ်ကြာ စွန့်ပစ်ထားခဲ့သည့် မိခင် ဖမ်းဆီးခံရ

ဂျပန်နိုင်ငံမှာ မွေးကင်းစကလေးအသေကို လော့ကာတခုတွင်းမှာ အချိန်ကာလ နှစ်နဲ့ချီ တော်တော်ကြာ စွန့်ပစ်ထားခဲ့တဲ့ မိခင်အမျိုးသမီးကို တိုကျိုရဲတွေက ဖမ်းဆီးနိုင်ခဲ့ပါတယ်။ အသက် ၄၉ နှစ်အရွယ် အမ်မီရိ ဆူဇာကီအမည်ရတဲ့ အဲဒီအမျိုးသမီးက သူဟာ မွေးကင်းစကလေးငယ်ရဲ့ အလောင်းကို အချိန် ၄-၅ နှစ်ကြာအောင် စွန့်ပစ်ထားခဲ့တယ်လို့ ၀န်ခံ ထွက်ဆိုလိုက်တာပါ။ ဒီအဖြစ်အပျက်ဟာ တိုကျိုမြို့၊ ထိုင်တိုရပ်ကွက်မှ ဘူတာရုံတခုထဲမှာ ဖြစ်ခဲ့တာဖြစ်ပြီး ရဲအရာရှိတွေဟာ ပျက်စီးဆွေးမြေ့နေတဲ့ ကလေးငယ်ရဲ့ အလောင်းကို ပလတ်စတစ်အိတ်နဲ့ ထုပ်ပိုးလျက်သားအခြေအနေနဲ့ စစ်ဆေးတွေ့ရှိခဲ့ကြတာလို့ ဂျပန်တိုင်းမ်သတင်းတပုဒ်မှာ စက်တင်ဘာ ၂၅ ရက်နေ့က ဖော်ပြပါတယ်။ ဆူဇာကီက သူဟာ အဲဒီနှစ်ကာလတလျှောက်လုံးမှာ လော့ကာအသုံးပြုကြေးကို ပေးဆောင်ထားခဲ့တယ်လို့ ဆိုပါတယ်။ သူ့အနေနဲ့ အသက်ရှင်လျက်သားအခြေအနေနဲ့ ကလေးကို မမွေးဖွားနိုင်ခဲ့လို့ ကြောက်ရွံ့ထိတ်လန့်ပြီး ဖျက်ဆီးလိုက်ဖို့ ကြိုးစားခဲ့တာလို့ ပြောပါတယ်။ သူဟာ အလုပ်လက်မဲ့တဦးဖြစ်ပြီး အချိန် ၂၄ နာရီအတွက် လော့ကာအသုံးပြုကြေး ၁ ဒဿမ ၈၀ ဒေါ်လာနဲ့ နှစ်ကာလရှည် ဆက်တိုက်ပေးဆောင်ခဲ့ရတာ ဖြစ်ပါတယ်။     ကလေးငယ်ဟာ မွေးပြီး နာရီပိုင်းအကြာမှာ စွန့်ပစ်ခံခဲ့ရတယ်လို့ ရဲတွေက သံသ ယရှိနေပြီး ကလေးငယ်ဟာ အသက်ရှင်လျက်အခြေအနေနဲ့ မွေးဖွားလာသလား၊ သေ ဆုံးလျက်သားအခြေအနေနဲ့ မွေးဖွားလာသလားဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးပဲ  လက်ရှိမှာတော့ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေကြတာပါ။
3 years Ago

July 30, 2015

စွန့်ပစ် မျက်မှန်အလက်ပေါင်း ၁၄၀၀၀ ဖြင့် ဖန်တီးထားသည့် အနုပညာ (ရုပ်သံ)

မြောက်အမေရိကမှာ နှစ်စဉ်မျက်မှန်ပေါင်း ၄ မီလီယံကျော်ကို စွန့်ပစ်နေကြပါတယ်။ အဲဒီ စွန့်ပစ်မျက်မှန်တွေဟာ ဘယ်ကိုရောက်သွားပါသလဲ။ လိုအပ်တဲ့နေရာတွေကို ပြန်လည်လှူ လိုက်တာမျိုးရှိနိုင်သလို မြေကြီးထဲမှာပဲ စွန့်ပစ်အမှိုက်အဖြစ်အဆုံး သတ်လိုက်ရတာမျိုးလည်းရှိ နိုင်ပါတယ်။ ကနေဒါအခြေစိုက် အနုပညာရှင် ၂ ဦးဖြစ်တဲ့ ကိတ်ဒ်လင်(အာရ်)(စီ) ဘရောင်းနဲ့ ၀ိန်းဂါးရက်ဒ်တို့က အမှိုက်ပုံထဲက စွန့်ပစ်မျက်မှန် ၁၄၀၀၀ ကို အသုံးပြုထားတဲ့ အင်စတော် လေးရှင်း အနုပညာတရပ်ကို တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့မှာ ပွဲဦးထွက်ပြသခဲ့ကြပါတယ်။ တူရကီနိုင်ငံ၊ မြို့တော်အစ္စတန်ဘူလ်မှာရှိတဲ့ ပီရာပြတိုက်ရှေ့မျက်နှာစာမှာ ဆယ်နှစ် ပြည့် အခမ်းအနားကျင်းပဖို့ရည်ရွယ်ပြီး ဒီအင်စတော်လေးရှင်းအနုပညာကို ပြသလိုက်တာဖြစ် ပါတယ်။ ကနေဒါနိုင်ငံနဲ့ တူရကီနိုင်ငံမှာ နေထိုင်သူတွေကို သူတို့အသုံးမလိုတော့တဲ့ မျက်မှန်တွေ ကို လှူဒါန်းနိုင်ဖို့ အဲဒီအနုပညာရှင် ၂ ယောက်က ဖိတ်ခေါ်ခဲ့ကြတာပါ။ မျက်မှန်အသစ်ဝယ်ဖို့ မတတ်နိုင်သူတွေကို ပြန်လည်ထောက်ပံ့ပေးတဲ့အဖွဲ့တဖွဲ့ဖြစ်တဲ့ ကနေဒါခြင်္သေ့များအမည်ရတဲ့ အဖွဲ့ဆီက စွန့်ပစ်မျက်မှန် အလက်ပေါင်းများစွာ လက်ခံရရှိခဲ့တယ်လို့ treehugger သတင်းမှာ ဖော်ပြပါတယ်။ “Sea/See/Saw” လို့ အမည်ပေးထားတဲ့ အဲဒီအင်စတော်လေးရှင်းအနုပညာပြပွဲကို လာ မယ့် ၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီလအထိ ပီရာပြတိုက်မှာ ပြသထားမှာဖြစ်ပါတယ်။ ဓာတ်ပုံ - © Caitlind r.c. Brown & Wayne Garrett   ရုပ်သံ - Caitlind r.c. Brown on Vimeo.
6 years Ago
Up