စွန့်စွန့်စားစား ချောက်ကမ်းပါး သန့်ရှင်းရေးလုပ်သည့် တရုတ်စုံတွဲ

February 5, 2018

စွန့်စွန့်စားစား ချောက်ကမ်းပါး သန့်ရှင်းရေးလုပ်သည့် တရုတ်စုံတွဲ (ရုပ်သံ)

တရုတ်နိုင်ငံ အနောက်တောင်ဘက် ရန်ရန်းကောင်တီရဲ့ လှပတဲ့ဒေသထဲရှိ ချောက်ကမ်းပါးကြီးပေါ်က အမှိုက်တွေကို တရုတ်စုံတွဲတတွဲက စွန့်စွန့်စားစား သန့်ရှင်းရေးလုပ်နေတဲ့ ရုပ်သံ ထွက်ပေါ်လာပါတယ်။ သူတို့နှစ်ဦး ဒီလို သန့်ရှင်းရေးလုပ်တာ ၄ နှစ် ရှိနေပြီဖြစ်ပြီး ချောက်ကမ်းပါးတက်တဲ့အခါ ဘာမှမပါဘဲ သူတို့နှစ်ဦးကြား ကြိုးတချောင်းသာ ပါတယ်လို့ ဆိုပါတယ်။ သူတို့ သန့်ရှင်းရေးလုပ်တာက ချောက်ကမ်းပါးပေါ်ကနေ ခြေတချက်ချော်သွားရင် အောက်ပြုတ်ကျသွားနိုင်ခြေ ရှိပေမယ့် တယောက်က ကြိုးကိုကိုင်ထားပြီး နောက်တယောက်က ကိုင်ထားတဲ့ကြိုးနဲ့ တွဲချည်ကာ ချောက်ကမ်းပါး အောက်ဘက်ကိုဆင်း အမှိုက်တွေကို ကောက်တာပါ။ ချောက်ကမ်းပါးက ချောနေပြီး အထူးသဖြင့် မိုးတွင်းမှာ ပိုချော်ကျတတ်တယ်လို့ သိရပါတယ်။ သူတို့နှစ်ဦး သန့်ရှင်းရေးလုပ်နေတာကို မြင်တဲ့ ခရီးသွားဧည့်သည်တွေက ဒီလိုလုပ်ကိုင်နေတာက စိတ်ကူးယဉ်ထက် ကျော်လွန်နေတယ်လို့ ပြောကြောင်း စီဂျီတီအန် သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
4 years Ago
Up