စွန့်စားရယူခဲ့သူ (ရုပ်သံ)

September 9, 2017

ဝပ်ကျင်းထဲမှ မိကျောင်းဥများကို စူပါမန်းဝတ်စုံဝတ်ပြီး စွန့်စားရယူခဲ့သူ (ရုပ်သံ)

မိကျောင်းမကြီးတကောင်ရဲ့ ဝပ်ကျင်းထဲက မိကျောင်းဥတွေကို စွန့်စားရယူဖို့ဆိုတာ တကယ့်ကို မလွယ်ကူလှပါဘူး။ ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ မိကျောင်းမကြီးကို မျက်စိလှည့်ဖျားယောင်းကာ မိကျောင်းဥတွေကို စူပါမန်းဝတ်စုံဝတ်ပြီး စွန့်စားရယူခဲ့တဲ့ လူစွမ်းကောင်းတဦးကို တွေ့ရပါတယ်။ ဒီအဖြစ်အပျက်ဟာ အမေရိကန်နိုင်ငံ၊ ကော်လာဒို မိကျောင်းမွေးမြူရေးစခန်းမှာ ဖြစ်ခဲ့တာဖြစ်ပြီး ဒါကို ပြပွဲတခုအသွင် ပြသလေ့ရှိတာမျိုး ဖြစ်ပါတယ်။ ဂျေးယန်းအမည်ရတဲ့ အဲဒီအမျိုးသားဟာ စွမ်းအားရှင် စူပါမန်းဝတ်စုံကို ဝတ်ဆင်ထားခဲ့ကာ မိကျောင်းမကြီးရှိနေတဲ့ ခြံစည်းရိုးကို ခုန်ကျော်ဝင်ခဲ့တာ တွေ့ရပါတယ်။ အဲဒီအချိန်မှာ ရုတ်တရက် မိကျောင်းက ပါးစပ်နဲ့ လှမ်းဟပ်လိုက်ချိန်မှာ သူက ခုန်ကျော်ပြီး ရှောင်တိမ်းလိုက်နိုင်တာကို တွေ့ရပါတယ်။ ဒီနောက် ဥတွေကိုဖုံးထားတဲ့ မြေစုစုရဲ့ တခြားတဘက်ကနေ မိကျောင်းမကြီးကို တုတ်ရှည်တချောင်းနဲ့ ဝှေ့ယမ်းပြီး မျှားခေါ်ခဲ့တာပါ။ မိကျောင်းဟာ တုတ်ကို လှမ်းကိုက်ဆွဲလိုက်၊ ယမ်းခါလိုက်နဲ့ တဘက်ခြမ်း ခပ်လှမ်းလှမ်းရောက်ချိန်မှာတော့ အဖွဲ့သားတွေက မိကျောင်းဥတွေကို မြေကြီးထဲကဖော်ပြီး ယူခဲ့ကြတာပါ။ ခုလိုလုပ်ဆောင်မှုတွေဟာ ကော်လာဒို မိကျောင်းမွေးမြူရေးစခန်းမှာ လုပ်ဆောင်နေကျ ပုံမှန်လှုပ်ရှားမှုတွေဖြစ်တယ်လို့ ဆိုပါတယ်။
4 years Ago
Up