စျေးမျာ

May 8, 2020

ကြက်ခြေနီနေ့အထိမ်းအမှတ် မောင်တောမြို့ စျေးများတွင် ကိုဗစ်ကာကွယ်ရေး အသိပညာပေး

မေ ၈ ရက်နေ့ ကျရောက်တဲ့ ကမ္ဘာကြက်ခြေနီနေ့ အထိမ်းအမှတ်အဖြစ်  ရခိုင်ပြည်နယ်၊ မောင်တောမြို့ရှိ ဈေးတွေမှာ ဒီနေ့မနက်ပိုင်းက Mask တွေ အခမဲ့ဖြန်ဝေခဲ့ပြီး တပ်ဆင်အသုံးပြနည်း၊ Mask ပြုလုပ်နည်း၊ အသိပညာပေး လက်ကမ်းစာစောင်တွေ ဖြန့်ဝေပေးခဲ့တယ်လို့ သိရပါတယ်၊ မောင်တောမြို့နယ်ကြက်ခြေနီအသင်းက ဦးဆောင်ပြီး COVID-19 ရောဂါကြိုတင်ကာကွယ်ရေးအတွက် ရည်ရွယ်ပြီး လူထုအသိပညာပေးတာတွေ ပြုလု်ပခဲ့တယ်လို့ မောင်တော ကြက်ခြေနီအသင်း ဒုမြို့နယ်တပ်ဖွဲမှူး ကိုချစ်ထူးခိုင်က ပြောပါတယ်။ "မောင်တောမြို့ရှိစျေးတွေမှာ စျေးရောင်ချသူတွေနဲ့ စျေးဝယ်သူတွေမှာ နီးနီးကပ်ကပ်ရောင်းချဝယ်ယူနေကြတယ်။ Mask ဝတ်ဆင်ပြီးလာကြတာလည်း မတွေ့ရဘူး။ ဝတ်ဆင်မဲ့ အလေ့အထလည်း မရှိဘူး။ မြန်မာမှာ ရောဂါဖြစ်ပွားမှု မြင့်တက်လာနေသလို တဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာလည်း တဖြည်းဖြည်း ရောဂါကူးစက်သေဆုံးမှု မြင့်တက်လာနေတယ်။ ဒါကြောင့် Mask Campaign လေးတခု ကမ္ဘာကြက်ခြေနီနေ့မှာ ပြုလုပ်ရတာဖြစ်ပါတယ်။" မောင်တောမြို့ရှိ စျေးတွေမှာ ၃ ပေအကွာ၊ ၆ ပေ အကွာရောင်းချဖို့ စည်းကမ်းသတ်မှတ်ထားပေမယ့် ပြည်သူတွေ လိုက်နာမှု အားနည်းနေတယ်လို့ မောင်တောမြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဒုဦးစီးမှူး ဒေါ်ဥမ္မာစောက ပြောပါတယ်။ ကမ္ဘာကြက်ခြေနီနေ့အထိမ်းအမှတ် COVID-19 ကြိုတင်ကာကွယ်ရေး အသိပညာပေးတာကို မောင်တောမြို့နယ်ကြက်ခြေနီအသင်းနဲ့အတူ မောင်တောမြို့နယ်စည်ပင်သာယာရေးအဖွဲ့လည်း ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။ လင်းလက်
1 year Ago

April 2, 2020

ဧရာဝတီတိုင်းအတွင်း စျေးများ လုံးဝမပိတ်ဟု စည်ပင်ဝန်ကြီးပြော

COVID-19 ရောဂါအခြေအနေ ဘယ်လိုအခြေအနေမျိုးကို ရောက်နေပါစေ ဧရာဝတီတိုင်း စည်ပင်သာယာရေးလက်အောက်ခံစျေးတွေကို လုံးဝပိတ်မှာမဟုတ်ဘူးလို့ တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ဒီဗွီဘီကိုပြောပါတယ်။ "ကျနော်တို့က ရောဂါကာကွယ်ရေး ၁ ခုတည်းကိုကြည့်လိုမရပါဘူး၊ ပြည်သူလူထုရဲ့ စားဝတ်နေရေးကလည်း အရမ်းကိုအရေးကြီးပါတယ်၊ စျေးကိုတော့ ဘယ်တော့မှ မပိတ်ဘူး"လို့ ပြောပါတယ်။ ခုဆို စက်ရုံ အလုပ်ရုံတွေလည်း ပိတ်တာတွေ လုပ်သားလျှော့ချတာတွေကြောင့် အလုပ်လက်မဲ့တွေ အများကြီးရှိလာပြီး တနေ့လုပ်တနေ့စားသမား အောက်ခြေလူတန်းစာတွေ စားဝတ်နေရေးခက်ခဲသွားပြီး စားစရာမရှိရင် အင်မတန်ကြီးမာတဲ့ ဂယက်ကိုရင်ဆိုင် ရမှာဖြစ်တဲ့အတွက် ပြည်သူလူထုစားဝတ်နေရေးထိခိုက်မယ့် ကိစ္စမှန်သမျှကို မလုပ်မိဖို့ အင်မတန် အရေးကြီးပါတယ်လို့ ဆိုပါတယ်။ ဧရာဝတီတိုင်းအတွင်း စည်ပင်သာယာရေးလက်အောက်ခံစျေးများကို လက်ဆေးဖို့ စင်တွေပြုလုပ်ပေးထားပြီး နေ့စဉ်သန့်ရှင်းရေးပြုလုပ်တောတွေ ပိုးမွှားသန့်ရှင်ရေးအတွက် ဆေးဖျန်းတာတွေနဲ့ နေမကောင်းတဲ့သူ စျေးရောင်းတာမလုပ်ဖို့နဲ့ စျေးလာဝယ်တာမလုပ်ဖို့ သက်ဆိုင်ရာ စျေးတိုင်းမှာ ဗွီနိုင်းတွေကပ်ထားသလို စျေးတာဝန်ရှိသူတွေကလည်း လိုက်လံ အသိပေးကြော်ငြာတာတွေပြုလုပ်ပြီး စျေးကနေတဆင့်ကူစက်မှုမဖြစ်ပွားစေရေးဆောင် ရွက်နေတယ်လို့ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ပြောပါတယ်။ ဧရာဝတီတိုင်းအတွင်း မြို့နယ် ၂၆ မြို့နယ်နဲ့ မြို့ ၇ မြို့မှာ စည်ပင်သာယာရေးအဖွဲ့ရဲ့ လက်အောက်ခံ ၁၃၂ စျေးရှိပြီး စျေးတိုင်းမှာ COVID-19 ရောဂါကာကွယ်ရေး အသိပညာပေး ဆိုင်ဘုတ်တွေကပ်ထားပြီး အသိပညာပေးလုပ်ငန်းတွေကို လုပ်ဆောင်နေတယ်လို့ တိုင်းအစိုးရအဖွဲ့ရုံးက သိရပါတယ်။ ဧရာဝတီတိုင်းအတွင်း မတ်လ ၃၁ ရက်နေ့အထိ COVID-19 ရောဂါပိုးတွေ့ရှိသူ မရှိသေးပေမဲ့ ပြည်ပနိုင်ငံကပြန်လာသူ ၉၁၄ ဦးရှိပြီး မြို့နယ် ၂၆ မြို့က စောင့်ကြည့်ရေး စခန်း ၁၅၀ ဖွင့်လှစ်ကာ ၁၄ ရက်တာ စောင့်ကြည့်နေတယ်လို့ တိုင်းအစိုးရအဖွဲ့ ရဲ့မှတ်တမ်းတွေအရ သိရပါတယ်။ COVID-19  ရောဂါသံသယနဲ့ ဧရာဝတီတိုင်းမှာ စောင့်ကြည့်ခံရသူ ၁၄ ဦးရှိခဲ့ပြီး ဓာတ်ခွဲစစ်ဆေးအဖြေရလဒ်တွေအရ ရောဂါပိုးမတွေ့ရှိဘူးလို့ သိရပါတယ်။ မင်းထက်မုန်း (ပုသိမ်)
2 years Ago
Up