စျေးတင်ရောင်သူများ

A d v e r t i s e m e n t With Us

April 5, 2020

ကျောက်ဖြူခရိုင်အတွင်း အခြေခံစားသောက်ကုန် စျေးတင်ရောင်သူများကို အရေးယူမည်

COVID-19 ကူးစက်ရောဂါကြောင့် ကျောက်ဖြူခရိုင်အတွင်း အခြေခံစားသောက်ကုန်တွေကို စျေးတင် ရောင်းချတာတွေ စစ်ဆေးတွေ့ရှိပါက အရေးယူသွားမယ်လို့ ကျောက်ဖြူခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးသန်းထွဋ်ဦးက ပြောပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါဂယက်ကြောင့် ကျောက်ဖြူခရိုင်အတွင်းမှာ အခြေခံစားသောက်ကုန်တွေကို စျေးတင်ရောင်းချတာတွေမပြုလုပ်ဖို့ ကျောက်ဖြူခရိုင်အတွင်းရှိ မြို့နယ်အုပ်ချုပ်ရေးမှူးတွေက ကုန်သည်တွေကို ခေါ်ယူတွေ့ဆုံခဲ့ပြီး ပြောကြားထားတယ်လို့ ဆိုပါတယ်။ စားသုံးရေးရာအဖွဲ့ကိုလည်း ဥပဒေနဲ့အညီ အရေးယူဖို့ရယ်၊ နောက်ပြီးတော့ မြန်မာနိုင်ငံ စုံစမ်းစစ်ဆေးရေးအဖွဲ့ (စသုံးလုံး)ကိုလည်း ခေါ်ယူပြီး မှာကြားထားပြီး ဖြစ်တယ်။ သတ်မှတ်ထားတဲ့စျေး မဟုတ်ဘဲနဲ့ တင်ချပြီးရောင်းချရင် အရေးယူဖို့ စားသုံးသူရေးရာဥပဒေနဲ့ကော၊ ဒီမတည်မငြိမ်ဆောင်ရွက်မှုဥပဒေနဲ့ကော ဒါတွေကို အရေးယူဖို့အတွက် ကျနော်တို့ ညွှန်ကြားထားပြီး ဖြစ်ပါတယ်။ ဒါ့အပြင် ကျောက်ဖြူမြို့နယ်မှာ အခြေခံစားသောက်ကုန်တွေထဲမှ ဆန်ကို စျေးနှုန်းထိန်းချုပ်နိုင်ဖို့နဲ့ ပြတ်လပ်မှုမရှိစေဖို့၊ အများပြည်သူ လိုအပ်လာပါက စျေးနှုန်းချိုသာစွာ ရောင်းချပေးဖို့ စီစဉ်နေတယ်လို့ ကျောက်ဖြူခရိုင်အုပ်ချုပ်ရေးမှူး ဦးသန်းထွဋ်ဦးက ပြောပါတယ်။ စစ်တွေ ဆန်ကုန်သည်များအသင်းကနေ ဆန်ကို တိုက်ရိုက်ယူပါမယ်။ စားသောက်ကုန်ဖြစ်တဲ့ ဆန်ကို လာဝယ်မယ်ဆိုရင် ကျနော်တို့ဆီမှာရှိထားတဲ့ အနှေးယာဉ် (group) ဖွဲ့ထားတဲ့ သူတို့ကနေပြီးတော့ သက်ဆိုင်ရာနေအိမ်တွေကို လိုက်ပို့ဖို့၊ ရောင်းပေးဖို့ကို မြို့မိမြို့ဖအဖွဲ့က တာဝန်ခံမယ်ဆိုလို့ မြို့အဖွဲ့နဲ့ ညှိနေပါတယ်။ မကြာမီ ရက်ပိုင်းအတွင်းမှာ ဖြစ်ပါမယ်၊ စစ်တွေက ဆန်တွေ သယ်ရမယ်၊ ထားဖို့နေရာ ဒါတွေ စီစဉ်နေပါတယ်၊ ကုန်စျေးနှုန်းကို ထိန်းချုပ်တဲ့အနေနဲ့ရော ဒါတွေကိုဆောင်ရွက်ဖို့ရှိပါတယ်။ ကျောက်ဖြူမြို့နယ်မှာ အခြေခံစားသောက်ကုန်တွေဟာ တဖြည်းဖြည်း စျေးနှုန်း မြင့်တက်လာနေတာကြောင့် သက်ဆိုင်ရာက ထိထိရောက်ရောက် ကိုင်တွယ်ဖို့ လိုအပ်တယ်လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးစံက ပြောပါတယ်။ ကျောက်ဖြူမြို့နယ်မှာ အဲဒီကုန်စျေးနှုန်းဟာ တရိတ်ရိတ် မသိမသာနဲ့ တက်လာတာ တွေ့ရတယ်။ ဆန်တအိတ်ကို အရင်တုန်းက ၁၇၀၀၀ ဆိုလို့ရှိရင် အခုဆိုရင် ၁၈၀၀၀၊ ၂၀၀၀၀၊ ၂၂၀၀၀ ထိတက်တက်လာတဲ့အတွက် အခြေခံလူတန်းစားတွေနဲ့ ဝန်ထမ်းတွေဟာ တော်တော့ကို ဒုက္ခရောက်ရပါတယ်၊ ဦးလေးတို့အနေနဲ့ စိုးရိမ်မိတယ်။ အဓိကတော့ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တွေအနေနဲ့ မြေပြင်ကို ကွင်းဆင်းပြီးရင် လေ့လာဖို့လိုမယ်။ မလိုက်နာဘူးဆိုရင် ဥပဒေကြောင်းအရ အရေးယူသင့် ယူရမှဖြစ်တယ်ဆိုတာကို ဦးတို့ကတော့ ပြောချင်ပါတယ်။  ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာ ဆန်ကို စျေးတင်ရောင်းချပါက ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမယ်လို့ ပြောဆိုထားပေမဲ့ လက်ရှိမှာ ဆန် ၁ အိတ်ကို အရင်ဈေးထက် ကျပ် ၃၀၀၀ ကနေ ၅၀၀၀ ဝန်းကျင်ထိ စျေးမြင့်တက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ နောင်နောင်
11 months Ago
Up