ဈာပနခန်းမ

October 14, 2018

ဈာပနခန်းမဟောင်းတခုတွင် ဖွက်ထားသည့် ကလေးငယ်ရုပ်အလောင်းများ တွေ့ရှိ

အမေရိကန်နိုင်ငံ မစ်ရှီဂန်ပြည်နယ် ဒက်ထရွိုက်မြို့ ဈာပနခန်းမဟောင်းတခုမှာ ဖွက်ထားတဲ့ ကလေးငယ် ၁၁  ဦးရဲ့ ရုပ်အလောင်းတွေကို အောက်တိုဘာ ၁၂ ရက်နေ့မှာ ရဲက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဆိုပါ ရုပ်အလောင်းတွေ ဖွက်ထားရာနေရာကို ညွှန်ပြတဲ့ အမည်မသိ တိုင်စာကို ရရှိပြီးနောက် အခုလို ရှာဖွေတွေ့ရှိခဲ့တာလို့ ရဲက ပြောပါတယ်။ ကလေးငယ် ၉ ဦးရဲ့ ရုပ်အလောင်းတွေကို ကတ်ထူသေတ္တာတလုံးအတွင်း  ထည့်ထားပြီး ကျန်ရုပ်အလောင်း ၂ ခုကိုတော့ ခေါင်းတလားအတွင်း ထည့်ထားတယ်လို့ ဒတ်ထရွိုက်ရဲအရာရှိတဦးက ဆိုပါတယ်။ ဒါ့အပြင် ရုပ်အလောင်းအားလုံးကို အံဝှက်မျက်နှာကြက်အတွင်း ဖွက်ထားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ အဲဒီ ကလေးငယ်ရုပ်အလောင်းတွ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ သက်ဆိုင်ရာက ဖော်ထုတ်နေပြီး မိဘတွေကိုလည်း အကြောင်းကြားထားတယ်လို့ သိရပါတယ်။ ဒီရုပ်အလောင်းတွေ ဖွက်ထားတာ ဘယ်လောက်ကြာပြီလဲဆိုတာ မသိရသေးသလို တချို့ ကလေးငယ်တွေဟာ အသေမွေးကလေးငယ်တွေ ဖြစ်ပုံရတယ်လို့လည်း ရဲတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
3 years Ago
Up