စံချိန်တင် သေ

A d v e r t i s e m e n t With Us

April 1, 2020

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဗြိတိန်တွင် တရက်အတွင်း လူ ၃၈၁ ဦးစံချိန်တင် သေဆုံး

ဗြိတိန်မှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် တရက်အတွင်း  သေဆုံးသူ ၃၈၁ ဦးနဲ့ စံချိန်တင် မြင့်တက်ခဲ့တယ်လို့ အစိုးရရုံးဝန်ကြီး မိုက်ကယ်ဂါ့ဗ်က မတ်လ ၃၁ ရက်မှာ  ကြေညာလိုက်ပါတယ်။    ဒါကြောင့် စုစုပေါင်း သေဆုံးသူ  ၁,၇၈၉ ဦး ရှိလာပြီး လူသေဆုံးတဲ့နှုန်းက   ၂၇ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပါတယ်။   ဗြိတိန်မှာ  ကိုရိုနာဗိုင်းရပ်စ် ရှိမရှိ  စစ်ဆေးထားသူ ၁၄၀,၀၀၀ ကျော် အနက် ၂၅၀၀၀ မှာ  ပိုးတွေ့ရှိတယ်လို့ နေ့စဉ်အစိုးရ သတင်းစာရှင်းလင်းပွဲအတွင်း  ဝန်ကြီးက ပြောခဲ့တာပါ။     တဦးနဲ့ တဦး ခပ်ခွါခွါနေတဲ့ အစီအမံတွေကြောင့်  ဗိုင်းရပ်စ် ပျံ့နှံ့တာ စပြီး နှေးလာတဲ့ လက္ခဏာတွေတယ်လို့    အမျိုးသားကျန်းမာရေး ဌာန(NHS) အကြီးအကဲ စတက်ဖန်ပေါင်းဝစ်က ပြောပေမယ့် စည်းမျဉ်းသစ်တွေကို ဖြေလျော့ပေးသင့်တယ်  မဆိုလိုဘူးလို့လည်း သူက ပြောပါတယ်။ ဗြိတိန်မှာ အသွားအလာတားမြစ်တဲ့ lockdown ကန့်သတ်ချက်တွေရဲ့  အကျိုးရလဒ်တွေက ရှေ့သီတင်းပတ်ထဲမှာ ပိုမိုပီပြင်လာမှာမို့ လာမယ့် သီတင်းပတ် ဒါမှမဟုတ် သီတင်းနှစ်ပတ်ဟာ အရေးကြီးတယ်လို့လည်း   စတက်ဖန်ပေါင်းဝစ်က ပြောပါတယ်။   မကြာသေးခင်က ကုမ္ပဏီကြီးတွေဆီကနေ ဗြိတိန်အစိုးရ မှာယူထားတဲ့   ပထမဆုံး အသက်ရှူစက်တွေဟာလည်း ဒီသီတင်းပတ်မှာ ထုတ်လုပ်မှု ပြီးစီးပြီး လာမယ့် သီတင်းပတ်ဆိုရင် အမျိုးသားကျန်းမာရေးဌာန (NHS)မှာ ရနိုင်မယ်လို့လည်း  ရိုက်တာသတင်းက ဖော်ပြပါတယ်။ 
11 months Ago
Up