၂၀၂၀ တတိယ သုံးလပတ်မှာ ဗြိတိန်လုပ်ငန်းရှင်တွေက စံချိန်တင်အလုပ်သမား လျှော့ချခဲ့တာမို့ အလုပ်လက်မဲ့နှုန်း ခုန်တက်ခဲ့တယ်လို့ နိုဝင်ဘာ ၁၀ ရက် တရားဝင် အချက်အလက်တွေအရ သိရပါတယ်။
တတိယ သုံးလပတ်အတွင်း ဗြိတိန်အလုပ်သမားဦးရေ ၃၁၄,၀၀၀ စံချိန်တင် လျှော့ချခံရတယ်လို့ အမျိုးသားစာရင်းအင်းရုံးက ထုတ်ပြန်ပါတယ်။
ရိုက်တာက ပြုလုပ်တဲ့ စီးပွားရေးပညာရှင်တွေရဲ့ စစ်တမ်းမှာ မျှော်လင့်ထားသလို အလုပ်လက်မဲ့ ၁ ဒသမ ၆ သန်းနဲ့ အလုပ်လက်မဲ့နှုန်း ၄ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။
ဒါဟာ ၂၀၁၆ နိုဝင်ဘာမတိုင်မီ ၃ လအလို ကာလနောက်ပိုင်း အလုပ်လက်မဲ့ အမြင့်ဆုံး အခြေအနေ ဖြစ်ပါတယ်။
ဗြိတိန်ရဲ့ အလုပ်လက်မဲ့နှုန်းဟာ ဒီနှစ်ကုန်မှာ ၆ ဒသမ ၃ ရာခိုင်နှုန်း ရောက်ရှိပြီး နောက်နှစ် ဒုတိယ သုံးလပတ်မှာ ၈ ရာခိုင်နှုန်းနီးပါး မြင့်တက်နိုင်တယ်လို့ အင်္ဂလန်ဘဏ်က ပြီးခဲ့တဲ့ သီတင်းပတ်မှာ ခန့်မှန်းခဲ့ပါတယ်။
2 years Ago