စံချိန်တင်သေဆုံး

August 2, 2021

ပြည်မြို့တွင် ကိုဗစ်အတည်ပြုလူနာ ၁၆ ဦးနှင့် သံသယလူနာ ၄ ဦး စံချိန်တင်သေဆုံး

ပဲခူးတိုင်း၊ ပြည်မြို့မှာ ဩဂုတ် ၁ ရက်နေ့ တ‌စ်နေ့တည်း ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၆ ဦးနဲ့ သံသယလူနာ ၄ ဦး စံချိန်တင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ကျန်းမာရေးတာဝန်ရှိသူတဦးက “ပြည်မြို့ ကုတင် ၅၀၀ ဆေးရုံကြီးမှ အတည်ပြုလူနာ ၁၃ ဦး၊ ကုတင် ၁၀၀ စစ်ဆေးရုံက ၃ ဦးနဲ့ သံသယနဲ့ သေဆုံးသူ ၄ ဦးတို့ စံချိန်တင်သေဆုံးတာပါ” လို့ ပြောပါတယ်။

ပြည်မြို့မှာ ကိုဗစ်-၁၉ တတိယလှိုင်းကာလ မနေ့ကအထိ သေဆုံးသူ စုစုပေါင်း ၂၇၃ နဲ့ ပြီးခဲ့တဲ့ ဇူလိုင်လကနေ မနေ့ကအထိ သာမန်သေဆုံးသူနဲ့ ကိုဗစ်ကြောင့်သေဆုံးသူ စုစုပေါင်း ၅၉၁ ယောက်ရှိခဲ့ပြီး သေဆုံးမှုနှုန်းစံချိန်တင်မြင့်မားခဲ့ကြောင်း သိရပါတယ်။

3 months Ago

July 10, 2021

ထိုင်းတွင် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ကြောင့် လူ ၉၀ ကျော် စံချိန်တင်သေဆုံး

ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်မှုတွေ မြင့်တက်နေတဲ့ ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ရောဂါကူးစက်မှုအသစ် ၉,၃၂၆ ယောက်နဲ့ သေဆုံးသူ ၉၁ ယောက်ရှိခဲ့တယ်လို့ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

       ရောဂါကူးစက်မှုအသစ် ၉ ထောင်ကျော်ထဲက ၁၉၂ ယောက်ကတော့ ထိုင်းနိုင်ငံတ ဝန်းအကျဉ်းထောင်တွေက ဖြစ်တယ်လို့ ဆိုပါတယ်။

       တရက်တည်း ၉၁ ယောက် သေဆုံးမှုဟာ အမြင့်ဆုံးစံချိန်တင် သေဆုံးမှု ဖြစ်လာခဲ့ပြီး ရောဂါပျောက်ကင်းသက်သာလာလို့ ဆေးရုံက ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဆင်းခွင့်ရသူ အရေအတွက်ကတော့ ၃,၈၄၁ ယောက် ရှိနေခဲ့ပါတယ်။

       ထိုင်းနိုင်ငံတဝန်းမှာတော့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၃၂၆,၈၃၂ ယောက်နဲ့ သေဆုံးသူပေါင်း ၂,၆၂၅ ယောက် ရှိနေပါတယ်။

       ထိုင်းနိုင်ငံတဝန်း လူနာတွေရဲ့ ၇၀ ရာခိုင်နှုန်းလောက်ဟာ ကူးစက်မြန်ဗီဇပြောင်း Delta ကိုဗစ်-၁၉ ဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့လည်း ဆေးပညာရှင်တွေက ပြောထားပါတယ်။

       အာဆီယံနိုင်ငံတွေထဲမှာတော့ ကိုဗစ်-၁၉ သန်းချီကူးစက်ခံ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နိုင်ငံ တွေပြီးရင် မလေးရှားနိုင်ငံက ရောဂါကူးစက်ခံရသူပေါင်း ၈ သိန်းကျော်၊ သေဆုံးသူ ပေါင်း ၅,၉၀၀ ကျော်နဲ့ ရှိနေပြီး ထိုင်းနိုင်ငံကတော့ အမှတ်စဉ် ၄ နေရာမှာ ရှိနေပါတယ်။

ဒေသတွင်း ကူးစက်မှုအမြင့်ဆုံး ထိပ်တန်း ၅ နိုင်ငံထဲမှာတော့ လတ်တလော ကိုဗစ်-၁၉ ရောဂါကူးစက်မှုတွေ မြင့်တက်နေတဲ့ မြန်မာနိုင်ငံက ကူးစက်ခံရသူပေါင်း ၁ သိန်း ၈ သောင်းကျော်နဲ့ ပါဝင်လာခဲ့ပါတယ်။

ကမ္ဘာတဝန်းလုံးမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၁၈၆ ဒသမ ၈၅ သန်းကျော်၊ သေဆုံးသူပေါင်း ၄ သန်းကျော်နဲ့ ရောဂါပြန်လည်ပျောက်ကင်းသက်သာလာသူပေါင်း သန်း ၁၇၀ ကျော် ရှိနေတယ်လို့ Worldometers ဝက်ဘ်ဆိုက်ဒ်မှာ ဖော်ပြပါတယ်။

3 months Ago
More News
Up