စံချိန်တင်မြင့်တက်

A d v e r t i s e m e n t With Us

October 28, 2020

ယီမင်နိုင်ငံတွင် ကလေးများအာဟာရချို့တဲ့မှု စံချိန်တင်မြင့်တက်နေ 

ယီမင်နိုင်ငံရဲ့ အစိတ်အပိုင်းတွေမှာ ကလေးတွေအချိန်တိုအတွင်း အာဟာရချို့တဲ့မှု စံချိန်တင်မြင့်နေလို့ ကလေးအယောက် တစ်သိန်းနီးပါး သေဘေးနဲ့ ရင်ဆိုင်နေရပါတယ်။ ယီမင်ဟာ စားနပ်ရိက္ခာလုံခြုံမှု အကျပ်အတည်းဆိုက်ဖို့ နီးလာပြီလို့ ကုလသမဂ္ဂ အစီရင်ခံစာတစောင်နဲ့ အရာရှိတွေက အောက်တိုဘာ ၂၇ ရက်မှာ ပြောလိုက်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါ၊ စီးပွားရေးကျဆင်းမှု၊ ရေလွှမ်းမိုးမှု၊ လက်နက်ကိုင်ပဋိပက္ခ တိုးလာတာနဲ့ ယီမင်အတွက် ကမ္ဘာလုံးဆိုင်ရာ အကူအညီတွေ သိသိသာသာ ပြတ်လပ်တာတွေကြောင့် အာဟာရချို့တဲ့မှု က ၂၀၂၀ မှာ ပိုဆိုးလာခဲ့တာပါ။ ခြောက်နှစ်နီးပါး ကြာနေတဲ့ စစ်ပွဲနောက်မှာ ဆိုးဆိုးရွားရွား အငတ်ဘေး ကျယ်ပြန့်လာမယ့် အခြေအနေ မြင့်မားနေတယ်လို့ ရိုက်တာ သတင်းဌာနက ရေးပါတယ်။ ယီမင်တောင်ပိုင်းမှာ အသက် ၅ နှစ်အောက် ကလေး ၁၀ ယောက်မှာ တယောက်နှုန်း အာဟာရချို့တဲ့နေတယ်။ ဒါဟာ ကလေး ၅ သိန်းကျော်မှာ ရေတို အာဟာရချို့တဲ့နေတာလို့ ကုလအခြေပြု စားနပ်ရိက္ခာလုံခြုံရေး အဆင့်အကဲဖြတ်မှု (IPC)က ဖော်ပြထားပါတယ်။ အာဟာရချို့တဲ့ တဲ့ ကလေးစုစုပေါင်းရဲ့ ၁၅ ဒသမ ၅ ရာခိုင်နှုန်းဖြစ်တဲ့ အယောက် ၉၈၀၀၀ က သေဘေးနီးတဲ့အထိ ဆိုးဆိုးရွားရွား အာဟာရချို့တဲ့နေပြီး ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင် အယောက် ၂ သိန်းခွဲထက်မနည်းကတော့ အာဟာရချို့တဲ့မှု ဆိုင်ရာကုထုံးတွေ လိုအပ်နေပါတယ်။ နိုင်ငံတကာ အသိအမှတ်ပြု ယီမင်အစိုးရ ထိန်းချုပ်ထားတဲ့ တောင်ပိုင်းဒေသမှာ အသက် ၅ နှစ်အောက် ကလေး ၁ ဒသမ ၄ သန်း ရှိနေပါတယ်။ အီရန်နဲ့ မဟာမိတ် ဟူသီတွေ ထိန်းချုပ်ထားပြီး လူဦးရေ အများစုနေတဲ့ ယီမင်မြောက်ပိုင်းက သတင်းအချက်အလက်တွေကိုတော့ မသိရသေးပါဘူး။ ၂၀၂၀ တနှစ်လုံး ယီမင် လူသားချင်း စာနာမှုတုံ့ပြန်ရေးအတွက် လိုအပ်တဲ့ငွေ အမေရိကန် ဒေါ်လာ ၃ ဒသမ ဘီလီယံထဲက အောက်တိုဘာလလယ်ထိ ရရှိငွေ ၁  ဒသမ ၄၃ ဘီလီယံပဲ ရသေးတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ ယီမင် ပြည်သူ ၈၀ ရာခိုင်နှုန်းလောက်ဟာ လူသားချင်းစာနာမှု အကူအညီတွေကို မှီခိုနေရလို့ ကမ္ဘာ့အကြီးဆုံး လူသားချင်း စာနာမှု အကျပ်အတည်း ဆိုက်နေတယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။ လူတသိန်းကျော် သေဆုံးပြီး သန်းချီတဲ့လူတွေ အငတ်ဘေးဆိုက်တဲ့ထိ ဖြစ်စေတဲ့ စစ်ပွဲကို အဆုံးသတ်ဖို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို ပြန်စရေး ကုလအရာရှိတွေက ကြိုးစားနေပါတယ်။
4 months Ago

July 14, 2020

ဖလော်ရီဒါတွင် ကိုဗစ်-၁၉ ကူးစက်မှု စံချိန်တင်မြင့်တက်၊ ပြည်နယ်အုပ်ချုပ်ရေးမှူးကို ဆန္ဒပြ

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ စံချိန်တင် မြင့်တက်နေတဲ့ အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်မှာ ပြည်နယ်အုပ်ချုပ်ရေးမှူးကို ဇူလိုင်လ ၁၃ ရက်မှာ ဆန္ဒပြသူတွေက  အော်ဟစ်နှောင့်ယှက်ခဲ့ပါတယ်။ ပြည်နယ် အုပ်ချုပ်ရေးမှူး ရွန်ဒီဆန်တစ် မိန့်ခွန်းဆက်ပြောဖို့လုပ်ချိန်မှာ ဆန္ဒပြသူတွေက ဒီဆန်တစ်ကို “ရှက်ဖို့ကောင်းတယ်” ဆိုပြီး အော်ဟစ်ခဲ့ကာ အဲဒီလို အော်ဟစ်သူကိုတော့ သတင်းစာရှင်းလင်းပွဲ နေရာကနေ အမြန်ဖယ်ရှားခဲ့ပါတယ်။  ဖလော်ရီဒါမှာ ဇူလိုင် ၁၂ ရက် တစ်ရက်တည်းမှာတင် ကိုရိုနာဗိုင်းရပ်စ် အသစ်ကူးစက်သူ ၁၅,၀၀၀ ကျော်ရှိခဲ့ပြီး ကူးစက်မှု တိုးလာတာကြောင့် ပြည်နယ်အာဏာပိုင်တွေဟာ ဈေးဆိုင်တွေနဲ့ ကမ်းခြေတွေကို ပိတ်ပစ်ခဲ့ရပါတယ်။ တကယ်လို့ ဖလော်ရီဒါသာ နိုင်ငံတစ်ခု ဖြစ်မယ်ဆိုရင် ဖလော်ရီဒါရဲ့  တစ်နေ့တာ ကူးစက်သူ အရေအတွက်ဟာ အမေရိကန်၊ ဘရာဇီးနဲ့ အိန္ဒိယ ပြီးရင် စတုတ္ထမြောက် အများဆုံး ဖြစ်လာမှာပါ။  ဖလော်ရီဒါရဲ့ တစ်နေ့တာ ကူးစက်သူ အရေအတွက်ဟာ ကိုရိုနာဗိုင်းရပ်စ် ဗဟိုချက်မ ဖြစ်ခဲ့တဲ့  နယူးယောက်ပြည်နယ်ရဲ့ ဧပြီ ၁၀ ရက် ကူးစက်သူ အရေအတွက် ၁၂,၀၀၀ ကျော် စံချိန်ကိုလည်း ချိုးခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုကို တိုက်ဖျက်ဖို့အတွက် ဒီဆန်တစ်က ဘားတွေကို ပိတ်ဖို့   ညွှန်ကြားထားပေမယ့် ပြည်နယ်တဝန်း လူအများရှိရာ နေရာတွေမှာ မဖြစ်မနေ  နှာခေါင်းစည်းတပ်ဖို့ တောင်းဆိုတာတွေကို သူက လက်မခံဘူးလို့ ရိုက်တာ သတင်းမှာ ရေးပါတယ်။
8 months Ago
Up