စံချိန်တင်တွေ့

October 5, 2020

မကွေးတိုင်းတွင် ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၁၆ ဦးအထိ စံချိန်တင်တွေ့

မကွေးတိုင်းဒေသကြီးအတွင်းမှာ အောက်တိုဘာ ၄ ရက်က   ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၆ ဦးထိ စံချိန်တင်တွေ့ရှိခဲ့တယ်လို့ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။ မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက"မြို့နယ် ၈ မြို့နယ်က Quarantine စင်တာတွေမှာ အသွားအလာ ကန့်သတ်ထားသူ အမျိုးသား ၉ ဦး အမျိုးသမီး ၇ ဦးမှာ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိခဲ့တာ” လို့ ပြောပါတယ်။ အဲဒီ အတည်ပြုလူနာတွေဟာ ရန်ကုန်၊ မန္တလေးနဲ့ ထိုင်းနိုင်ငံက ပြန်လာသူတွေဖြစ်ပြီး သရက်မြို့နယ်မှာ အမျိုးသမီး ၁ ဦး၊ ပခုက္ကူမြို့နယ်က အမျိုးသား ၁ ဦး၊ ဆင်ပေါင်ဝဲ မြို့နယ်က အမျိုးသား ၂ ဦး၊ မကွေးမြို့နယ်က အမျိုးသား ၃ ဦးနဲ့ အမျိုးသမီးတစ်ဦး၊ ရေနံချောင်းမြို့နယ်က အမျိုးသား၂ ဦး၊ အမျိုးသမီး ၂ ဦး၊ မင်းဘူး မြို့နယ်က အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦး၊ နတ်မောက် မြို့နယ်က အမျိုးသမီး ၁ ဦးနဲ့ မြို့သစ်မြို့နယ်က အမျိုးသမီး  ၁ ဦးတို့ ဖြစ်ပါတယ်။ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရတဲ့သူတွေကို သက်ဆိုင်ရာ မြို့နယ်ဆေးရုံတွေမှာ ဆေးကုသပေးမှာဖြစ်ပြီးတော့ သူတို့နဲ့ထိစပ်ခဲ့တဲ့သူတွေကိုလည်း အသွားအလာ ကန့်သတ်ပြီး ဓာတ်ခွဲနမူနာပေးပို့စစ်ဆေးပေးဖို့ ရှိပါတယ်။ မကွေးတိုင်းဒေသကြီးအတွင်းမှာ အောက်တိုဘာ ၄ ရက် ညနေပိုင်းအထိ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူ ၆၇ ဦးထိရှိလာပြီးတော့ ဆေးရုံဆင်းခွင့်ရရှိသူ ၃၀ ဦးရှိတယ်လို့ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနကနေ သိရပါတယ်။ သတင်း-မင်းထီး
7 months Ago

September 20, 2020

မကွေးတွင် ၈ နှစ်အရွယ် ကလေး ၁ ဦးအပါအဝင် ကိုဗစ်-၁၉ လူနာသစ် ၈ ဦး စံချိန်တင်တွေ့

မကွေးတိုင်း၊ မကွေးမြို့နယ်မှာ စက်တင်ဘာလ ၂၀ ရက်နေ့မနက်ပိုင်းက ၈ နှစ်အရွယ်ကလေး ၁ ဦးအပါအဝင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၈ ဦးအထိ စံချိန်တင်တွေ့ရှိခဲ့တယ်လို့ တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက DVB ကို ပြောပါတယ်။ “မကွေးမြို့နယ် ကြာကန်ရွာက ရန်ကုန်ပြန် ၅ ဦး၊ ဆာစည်ရပ်ကွက်က အတည်ပြုလူနာရဲ့ မိသားစုဝင် ၂ နဲ့ ရခိုင်ပြည်နယ် မြောက်ဦးမြို့က ပြန်လာတဲ့သူ တစ်ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့တာဖြစ်တယ်။”  ကြာကန်ကျေးရွာက ရန်ကုန်ပြန် ၅ ဦး နဲ့ ရခိုင်ပြန် ၁ ဦးကို Facility Quantine ပြုလုပ်ထားတာဖြစ်ပြီး၊ ၂ ဦးကတော့ စက်တင်ဘာ ၁၉ ရက်နေ့မနက်ပိုင်းက ရောဂါပိုးတွေ့ရှိခဲ့တဲ့ ရန်ကုန်ပြန်အမျိုးသမီးရဲ့ မိသားစုဝင်တွေဖြစ်ပါတယ်။ ပိုးတွေ့လူနာသစ် ၈ ဦးမှာ အသက် ၈ နှစ်ကနေ ၇၃ နှစ်အထိ ပါဝင်တယ်။  အတည်ပြုလူနာတွေကို မကွေးတိုင်း ပြည်သူ့ဆေးရုံနဲ့ သင်ကြားရေးဆေးရုံတွေကို ပို့ဆောင်ကုသပေးမှာဖြစ်ပါတယ်။  လူနာနဲ့ ဆက်စပ်ခဲ့တဲ့သူတွေကို စုံစမ်းဖော်ထုတ်ပြီး Quarantine ထားရှိကာ နှာခေါင်းတို့ဖတ် အာခေါင်တို့ဖတ်တွေ ရယူကာ ဓာတ်ခွဲနမူနာပေးပို့ စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။ မကွေးတိုင်းဒေသကြီးအတွင်းက မြို့နယ် ၈ မြို့နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၄ ဦး တွေ့ရှိ့ခဲ့ပြီး ရောဂါပိုးကင်းစင်သူ ၃ ဦး၊ ဆေးရုံဆင်းလူနာ ၂ ဦးနဲ့ ၁၉ ဦးကတော့ ဆေးဝါးကုသမှု ခံယူနေတယ်လို့ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။ သတင်း-မင်းထီး
8 months Ago
More News
Up