မက္ကဆီကိုနိုင်ငံ မက္ကဆီကို စီးတီးမြို့မှာ စုံတွဲပေါင်း ၂၀၀၀ ကျော် တချိန်တည်း တပြိုင်တည်း မင်္ဂလာဆောင်တဲ့အကြောင်း သတင်းတွေမှာ ဖော်ပြပါတယ်။
မင်္ဂလာ စုံတွဲပေါင်း ၂၀၁၆ တွဲဖြစ်လို့ စံချိန်သစ် ဖြစ်တယ်လို့လည်း သတင်းတွေက ဆိုပါတယ်။
မြို့တော်ဝန် မီဂူရယ် အန်ဂဲ မန်စာရာက မင်္ဂလာအခမ်းအနားကို တက်ရောက်ချီးမြှင့်ပါတယ်။
မင်္ဂလာပွဲမှာ ဧည့်ခံတဲ့ ၀ိုင်နဲ့ ဖျော်ဖြေရေး အစီအစဉ်တွေကိုလည်း မြို့တော်ဝန်ကပဲ စီစဉ်ပေးပါတယ်။
မက္ကဆီကို စီးတီးမှာ အရင်တုန်းကလည်း ချစ်သူများနေ့မှာ အခုလိုမျိုး စုပေါင်း မင်္ဂလာဆောင်တဲ့ အစီအစဉ်တွေ ရှိခဲ့ဖူးပါတယ်။
မက္ကဆီကို စီးတီးမှာ လိင်တူ စုံတွဲတွေ ထိမ်းမြား လက်ထပ်ခွင့်ကို ၂၀၀၇ ကတည်းက ခွင့်ပြုထားတဲ့အတွက် လိင်တူချင်း အချစ်ကို အသိအမှတ်ပြုတဲ့ စံပြမြို့အဖြစ် သတ်မှတ်ခံရပါတယ်၊ အခု မင်္ဂလာဆောင်မှာလည်း လိင်တူ စုံတွဲတွေ ပါဝင်ပါတယ်။
5 years Ago