စံချိန်မှတ်တမ်းများထက် ဆုဖလားရရန်သာ အာရုံစိုက်ထားဟု ဂွါဒီယိုလာ ပြော

December 14, 2017

စံချိန်မှတ်တမ်းများထက် ဆုဖလားရရန်သာ အာရုံစိုက်ထားဟု ဂွါဒီယိုလာ ပြော

စံချိန်မှတ်တမ်းတွေထက် ဆုဖလားရယူဖို့ပဲ အာရုံစိုက်ထားတယ်လို့ မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပြောလိုက်ပါတယ်။ မန်စီးတီးအသင်းဟာ ဒီဇင်ဘာ ၁၃ ရက်နေ့က ကစားခဲ့တဲ့ ဆွမ်ဆီးနဲ့ပွဲမှာ ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တာကြောင့် ပရီးမီးယားလိဂ် ၁၅ ပွဲဆက်တိုက် အနိုင်ရတဲ့ ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့တာပါ။ ဒီလိုမှတ်တမ်းရရှိခဲ့ပေမယ့် ရာသီအကုန်မှာ ဆုဖလား မရယူနိုင်ဘူးဆိုရင် စံချိန်အဖြစ်ပဲ ရောက်ရှိသွားမှာဖြစ်လို့ ဆုဖလားရဖို့က အဓိကဖြစ်တယ်လို့ ဂွါဒီယိုလာက ဆိုပါတယ်။ ဘောလုံးသမိုင်းမှာ မန်ယူ၊ ချဲလ်ဆီးအသင်းတွေနဲ့ ဖာဂူဆန်၊ မော်ရင်ဟိုတို့လို နည်းပြတွေကလည်း စံချိန်ကောင်းတွေ ရယူဖူးတယ်လို့ ဂွါဒီယိုလာက ဆိုပါတယ်။ မန်စီးတီးနည်းပြ ဂွါဒီယိုလာဟာ ပရီးမီးယားလိဂ်မှာ ၁၅ ပွဲဆက်တိုက် နိုင်ပွဲနဲ့ စံချိန်တင်နိုင်ခဲ့သလို လာလီဂါမှာ ၁၄ ပွဲ၊ ဘွန်ဒက်စ်လီဂါမှာ ၁၉ ပွဲဆက်တိုက် အနိုင်ရတဲ့ အသင်းအဖြစ် စံချိန်တင်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။
4 years Ago
Up