တရုတ်စူပါလိဂ် ဘောလုံးကလပ် ဂျန်ဆုအသင်းက ဘရာဇီးကွင်းလယ်သမား အဲလက် ထက်ရှီတာကို စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၃၈.၄ သန်းပေးပြီး ခေါ်ယူလိုက်ပါတယ်။
ဒီပြောင်းရွှေ့ကြေးဟာ တရုတ်စူပါလိဂ်ကလပ်တွေထဲမှာ အမြင့်ဆုံး စံချိန်တင်ပေးရတဲ့ ငွေကြေးအဖြစ် မှတ်တမ်းဝင်သွားပါတယ်။
တရုတ်စူပါလိဂ်ကလပ်တွေဟာ ၁၀ ရက်အတွင်းမှာ တတိယမြောက် နာမည်ကြီး ကစားသမားတယောက်ကို ခေါ်ယူလိုက်တာပါ။
အသက် ၂၆ နှစ်အရွယ် အဲလက် ထက်ရှီတာကို လီဗာပူးအသင်းကလည်း ခေါ်ယူဖို့ ပစ်မှတ်ထားနေတုန်းမှာ တရုတ်ကလပ် ဂျန်ဆုက ခေါ်ယူသွားတာ ဖြစ်ပါတယ်။
တရုတ်ကလပ်တွေဟာ ချဲလ်ဆီး ကွင်းလယ်သမားဟောင်း ရာမီရက်စ်၊ အက်သလက်တီကို မက်ဒရစ်တိုက်စစ်မှူးဟောင်း မာတီနက်ဇ်တို့ကိုလည်း ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ခေါ်ယူထားပါတယ်။
5 years Ago