စောဒေးဗစ်လား

July 9, 2020

စောဒေးဗစ်လားနှင့် ဦးဝေထွန်းတို့ကို တရားရုံးက စတင်စစ်ဆေး

ခရစ်ယာန်တရားဟောဆရာ စောဒေးဗစ်လား နဲ့ နဝရတ်တေးသံသွင်းက ဦးဝေထွန်းတို့အမှုကို မရမ်းကုန်းမြို့နယ်တရားရုံးက ဇူလိုင် ၉ ရက်နေ့က ၁၁ ကြိမ်မြောက် ရုံးထုတ် စစ်ဆေးခဲ့ပါတယ်။ “သူတို့ဘာတွေ ထွက်ဆိုခဲ့တယ်ဆိုတာကတော့ တရားရုံးစည်းကမ်းအရ ပြောခွင့်မရှိပါဘူး” လို့ မရမ်းကုန်းမြို့နယ်တရားသူကြီးဦးမိုးဆွေကပြောပါတယ်။ ဇူလိုင် ၂ ရက်နေ့ ၉ ကြိမ်မြာက်ရုံးချိန်းမှာ ခရစ်ယာန်တရားဟောဆရာ စောဒေးဗစ်လားတို့ကို တရားရုံးက သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ နဲ့စွဲချက်တင်ထားတာပါ။ ဇွန် ၃၀ ရက်နေ့ရုံးချိန်းမှာ တရားလို နဲ့ တရားပြိုင်နှစ်ဖက်က စွဲချက်တင်သင့်မတင်သင့်ကို အပြိုင်လျှောက်လဲချက်တင်ခဲ့ပါတယ်။ တရားလိုဘက်က လျှောက်လဲချက်ဟာ ခိုင်လုံတယ်လို့တ ရားသူကြီးက ယူဆတဲ့အတွက် စွဲချက်တင်ခဲ့တာပါ။ သဘာဝဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ပါ ပြဋ္ဌာန်းချက်တွေအရ ပြစ်မှုထင်ရှားရင် စောဒေးဗစ်လားနဲ့ဦးဝေထွန်းတို့ဟာ သုံးနှစ်ထက်မပိုတဲ့ ထောင်ဒဏ် ဒါမှမဟုတ် ငွေဒဏ်ချမှတ်ခံရမှာပါ။ စောဒေးဗစ်လားနဲ့ဦးဝေထွန်းတို့ဟာ အစိုးရက ချမှတ်ထားတဲ့ ကိုဗစ်-၁၉ ဆိုင်ရာ ကန့်သတ်ချက် စည်းမျဉ်း စည်းကမ်းတွေကို မလိုက်နာဘဲ လူစုလူဝေးပြုလုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားစွဲခံထားရတာပါ။ ဇူလိုင် ၁၄ ရက်နေ့မှာ ရုံးချိန်းပြန်ခေါ်ထားပြီး တရားခံပြသက်သေ ၆ ဦးထဲက ၃ ဦးကို စစ်ဆေးသွားမှာ ဖြစ်ပါတယ်။
1 year Ago

June 3, 2020

စောဒေးဗစ်လား၏ အာမခံလျှောက်ထားမှု တရားရုံး ပယ်ချ 

ခရစ်ယာန် တရားဟောဆရာ စောဒေးဗစ်လားနဲ့ နဝရတ် တေးသံသွင်းက ဦးဝေထွန်းတို့ရဲ့ အမှု အာမခံလျှောက်ထားမှုကို  မရမ်းကုန်းမြို့နယ်တရားရုံးက ပယ်ချလိုက်ပါတယ်။ ဒီကနေ့ ဇွန် ၃ ရက်မနက်က ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်တရားရုံးမှာ ဒုတိယအကြိမ် ရုံးထုတ်ရာမှာ သူတို့ရဲ့အမှု အာမခံကို ပယ်ချလိုက်တာဖြစ်ပြီး လာမယ့်ရုံးချိန်းကို ဇွန်လ ၈ ရက်နေ့မှာ ပြန်လည်ချိန်းဆိုထားပါတယ်။ တရားဟောဆရာ စောဒေးဗစ်လားနဲ့အဖွဲ့ဟာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အစီအမံတွေအရ ဘာသာရေးအခမ်းအနားတွေ၊ လူစုလူဝေးပွဲတွေ မပြုလုပ်ဖို့ သက်ဆိုင်ရာက ထုတ်ပြန်ထားတဲ့အမိန့်ကို မလိုက်နာတဲ့အတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရ အမှုဖွင့်အရေးယူ ခံရတာဖြစ်ပါတယ်။ Photo - Si Thu / MPA
2 years Ago
More News
Up