စောင့်ကြည့်ရေးစင်တာများ

A d v e r t i s e m e n t With Us

April 5, 2020

ညောင်လေးပင် စောင့်ကြည့်ရေးစင်တာများ ထောက်ပံ့မှု မရသဖြင့် အခက်အခဲကြုံ

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် COVID-19 စောင့်​​ကြည့်ရေးစင်တာတွေမှာ ထောက်ပံ့ကူညီမှုတွေ မရရှိတာကြောင့် အခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်လို့ စောင့်ကြည့်ရေးစင်တာ တာဝန်ရှိသူတွေက ပြောပါတယ်။ စင်တာမှာ လိုအပ်တဲ့ပစ္စည်းတွေကို ကျေးရွာတာဝန်ရှိသူ​တွေက ​ငွေ​​ကြေးစိုက်ထုတ် ဝယ်ယူနေရတာဖြစ်ပြီး လက်ရှိမှာ အထောက်အပံ့မရရှိတာကြောင့် အခက်အခဲ​တွေ ​ဖြစ်နေရတယ်လို့ ရေဖြူကန်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်မိုးက ပြောပါတယ်။ ညောင်လေးပင်မြို့နယ်မှာ မတ်လ ၂၈ ရက်နေ့ကစပြီ Facility Quarantine Camp ဖွင့်ကာ ၁၄ ရက် စောင့်ကြည့်စခန်းစစ်​ဆေး​နေတာ ဖြစ်​ပါတယ်။ ပဲခူးတိုင်းအစိုးရက မြို့နယ်​တမြို့နယ်ကို တိုင်းအစိုးရရဲ့ ရန်ပုံငွေထဲက ကျပ်သိန်း ၁၀၀ ကို COVID-19 ကာကွယ်​ရေးအတွက် ကူညီထောက်ပံ့ပေးထားတာ​ဖြစ်ပြီး လက်ရှိအချိန်အထိ ကျေးရွာတွေက စောင့်ကြည့်ရေးစင်တာတွေ ​ထောက်ပံ့ငွေ မရရှိတာဟာ မဖြစ်သင့်ဘူးလို့ နိုင်ငံ​ရေးအကျဉ်းသားဟောင်းတဦးဖြစ်တဲ့ ဦးဘိုတောက်က ပြောပါတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနော်မိုင်လှကြည်ကတော့ တိုင်းဒေသကြီးအစိုးရရဲ့ ထောက်ပံ့ငွေကို ကျေးရွာတွေကိုပေးဖို့ စီစဥ်နေပြီး ဒီနေ့ ပေးအပ်သွားမယ်လို့ ပြောပါတယ်။ ညောင်လေးပင်မြို့နယ်မှာ မတ်လ ၂၄ ရက်မှ ဧပြီလ ၅ ရက်နေ့အထိ ပြည်ပကပြန်လာသူ ၁၄၀၀ ကျော်ရှိပြီ Facility Quarantine Camp စောင့်ကြည့်စခန်း ၄၀ ကျော်ဖွင့်လှစ်ထားကာ Facility Quarantine Camp မှာ နေထိုင်သူ ၇၀၀ ကျော် ရှိနေပါတယ်။ နေလင်းထိုက်
11 months Ago
Up