စောင့်ကြည့်သံသယလူနာ ၂ ဦး

A d v e r t i s e m e n t With Us

April 5, 2020

မွန်ပြည်နယ်တွင် တရက်တည်း COVID-19 စောင့်ကြည့်သံသယလူနာ ၂ ဦး သေဆုံး

မွန်ပြည်နယ်မှာ ဧပြီ ၄ ရက်နေ့ ၁ ရက်တည်း COVID-19 ရောဂါစောင့်ကြည့် သံသယလူနာ ၂ ဦး သေဆုံးခဲ့တယ်လို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုပြည်နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာဝတ်မှုံက ဒီဗွီဘီကို အတည်ပြုပြောပါတယ်။ သေဆုံးသူဟာ ပေါင်မြို့နယ် ကဒါရပ်ကွက်နေသူ အသက် ၇၈ နှစ်အရွယ် အမျိုးသမီးဖြစ်ပြီး အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာ ဘုရားဖူးပြီး မတ်လ ၁၇ ရက်မှာ မြန်မာနိုင်ငံကို ပြန်လာရောက်ရှိလာကာ ဆေးရုံမှာ စောင့်ကြည့်လူနာအဖြစ် ထားရှိထားတာပါ။  သေဆုံးသူဟာ နှလုံးသွေးကြောပိတ်တဲ့ရောဂါအပြင် ဆီးချိုရောဂါရှိသူဖြစ်ပြီး ဧပြီ ၄ ရက်နေ့က မော်လမြိုင် အထွေထွေရောဂါကုသဆေးရုံမှာ သေဆုံးခဲ့တာပါ။  သေဆုံးသူ အမျိုးသမီးရဲ့ စစ်ဆေးချက်အဖြေမှာ ကိုရိုနာဗိုင်းရပ်စ် Covid 19 ရောဂါ မရှိဘူးလို့ ဧပြီ ၄ ရက်နေ့ ည ၈ နာရီမှာ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။ နောက်တဦးကတော့ ဘီးလင်းမြို့နယ် နေသူ အသက် ၃၀ အရွယ် အမျိုးသားတဦးဖြစ်ပြီး မတ်လ ၂၉ ရက်နေ့မှာ ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်လည်ရောက်လာခဲ့တာပါ။  အဲဒီအမျိုးသားမှာ အဆုတ်တီဗွီရောဂါအခံရှိသူဖြစ်ပြီး ဘီးလင်းမြို့နယ် ပြည်သူ့ဆေးရုံမှာ ဧပြီ ၄ ရက်နေ့က သေဆုံးခဲ့တာပါ။  အခုလို အခြေအနေကြောင့် စောင့်ကြည့်သံသယလူနာ အမျိုးသားရဲ့ စစ်ဆေးချက်အဖြေကို  အမျိုးသားဓာတ်ခွဲဌာန NHL ကို ပို့ဆောင် စစ်ဆေးထားပါတယ်။ မွန်ပြည်နယ်မှာတော့ အခု သေဆုံးသူ ၂ ဦး အပါအဝင် ကိုရိုနာဗိုင်းရပ်စ် Covid 19 ရောဂါ စောင့်ကြည့်လူနာ ၁၀ ဦးမှာ သေဆုံးသူ ၅ ဦးအထိ ရှိလာခဲ့ပြီး စောင့်ကြည့်သံသယလူနာ ၂ ဦးကိုတော့ မော်လမြိုင်ပြည်သူ့ဆေးရုံမှာ စောင့်ကြည့်ကုသနေပါတယ်။ ကျန်စောင့်ကြည့်သံသယလူနာ ၃ ဦးမှာတော့ ကျန်းမာရေး ကောင်းမွန်သွားတဲ့အတွက်ကြောင့် ဆေးရုံက ဆင်းသွားပြီး ဖြစ်ပါတယ်။
11 months Ago
Up