စောင့်ကြည့်စာရင်

July 18, 2020

ကယ်လီဖိုးနီးယားက စောင့်ကြည့်စာရင်းဝင်ကျောင်းများ ၁၄ ရက် ဆက်ပိတ်မည်

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်က ခရိုင်အများစုမှာ စာသင်ကျောင်း တွေကို စောင့်ကြည့်စာရင်းထဲထည့်ပြီး ၁၄ ရက် ဆက်ပိတ်ထားဦးမယ်လို့  ပြည်နယ် အုပ်ချုပ်ရေးမှူး နယူဆမ်က  ဇူလိုင် ၁၇ ရက်မှာ ပြောပါတယ်။  ပြည်နယ်တွင်း ခရိုင် ၅၈ က ခရိုင် ၃၀ မှာ ကျောင်းတွေကို စောင့်ကြည့်စာရင်းထဲ ထည့်ထား တာမို့ ဆက်ပိတ်ထားမှာပါ။  ပြည်နယ်လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းနီးပါးရှိတဲ့ ဆက်ခရာမန်တိုနဲ့ဆန်ဒီယေဂိုခရိုင်တို့က ကျောင်းတွေကတော့ အဝေးသင်စနစ်ကိုပဲ ရွေးချယ်မယ်လို့ ကြေညာထားပါတယ်။  ဖွင့်မယ့်ကျောင်းတွေအားလုံးမှာ မက်စ်တပ်ဖို့၊ လူချင်းခပ်ခွာခွာနေဖို့နဲ့ ပုံမှန်စစ်ဆေးမှုတွေ လုပ်ဖို့ နယူဆမ်က  ပြောပါတယ်။  လူဦးရေ သန်း ၄၀ ရှိတဲ့ ကယ်လီဖိုးနီးယားမှာ ကျောင်းတွေအနေနဲ့ ကိုယ်ပိုင်မူဝါဒတွေ ချမှတ်ထားဖို့ ခွင့်ပြုထားတယ်လို့ ဆိုပါတယ်။
10 months Ago
Up