စေလွှတ်

May 8, 2020

ထိုင်းမှပြန်လာသူများကို ခေါ်ဆောင်ရန်  မကွေးတိုင်းက အမြန်ယာဉ် ၁၃ စီးစေလွှတ်ထား

ထိုင်းနိုင်ငံကနေ ပြန်ဝင်လာမယ့်သူတွေကို ခေါ်ဆောင်ဖို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့က အမြန်ယာဉ် ၁၃ စီးကို မြဝတီနယ်စပ်ကို  စေလွှတ်ခဲ့ပေမယ့် မေလ ၆ ရက် မနက်ပိုင်းက  နေရပ်ပြန်လာသူ ၈ ဦး သာ တင်ဆောင်ပြီး ပြန်လာတယ်လို့ သိရပါတယ်။ မကွေးတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာ ခင်မောင်အေးက "ထိုင်းနိုင်ငံမှာ သွားရောက် အလုပ်လုပ်ကိုင်သူ ၃၀၀၀၀ ကျော်ရှိပြီး မကွေးတိုင်းအတွင်းကို  ၃၅၀၀ ကျော် ပြန်လာမယ်လို့ စာရင်းရတဲ့အတွက် မြဝတီ နယ်စပ်သို့ Express ကား ၁၃ စီး စေလွှတ်ခဲ့တာပါ။ ထိုင်းနိုင်ငံကနေ တရားဝင်ပြန်မလာကြသေးဘဲ မေလကုန်မှသာ ထိုင်နိုင်ငံက ပြန်လွှတ်မယ်လို့ သတင်းရတဲ့အတွက် ကားတွေကို ပြန်ခေါ်လိုက်တာပါ။ မကွေးတိုင်း အတွင်းကို  ထိုင်းနိုင်ငံကနေ တရားမဝင်လမ်းကြောင်းက ၁၁ ဦး၊ တရားဝင်လမ်းကြောင်းက ၈ ဦး ပြန်လည်ဝင်ရောက်လာတာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။ ထိုင်းနိုင်ငံက ပြန်ဝင်လာမယ့်သူတွေကို  သွားရောက်ကြိုဆိုတဲ့ ကားတွေနဲ့ ဌာနဆိုင်ရာတာဝန်ရှိသူတွေဟာ မြဝတီနယ်စပ်ဂိတ်မှာ သီတင်း တစ်ပတ်လာက် စောင့်ဆိုင်းခဲ့ရတယ်လို့ သိရပါတယ်။ မကွေးတိုင်းကို တရုတ်နိုင်ငံက ပြန်လည်ဝင်ရောက်လာသူ ၃၀၀ ကျော်လောက်နဲ့ ထိုင်းနိုင်ငံကနေ တရားမဝင်လမ်းကြောင်းက ပြန်ဝင်လာသူ ၁၁ ဦးကို Facility Quarantine လုပ်ပေးထားပြီး နောက်ထပ်ပြန်ဝင်လာသူ ၈ ဦးကိုလည်း  Quarantine ထားဖို့ ရှိပါတယ်။ မင်းထီး
1 year Ago

February 20, 2020

ရာဇဝတ်ဂိုဏ်းများကို တိုက်ခိုက်ရန် စစ်သားထောင်ချီ အယ်လ်ဆာဗေဒိုသမ္မတ စေလွှတ်

အယ်လ်ဆာဗေဒိုနိုင်ငံအတွင်း ရာဇဝတ်ဂိုဏ်းတွေကို တိုက်ခိုက်ဖို့ သမ္မတ နာယစ်ဘ် ဘူခေလေက ရာထောင်ချီတဲ့ စစ်သားတွေကို ဖေဖော်ဝါရီ ၁၈ ရက်က စေလွှတ်လိုက်ပါတယ်။ လုံခြုံရေးစီမံကိန်းအတွက် လွှတ်တော်အမတ်တွေကို ဖိအားပေးဖို့ စစ်တပ်အင်အား အလွန်ကျွံ သုံးတယ်ဆိုတဲ့စွဲချက်ကို လွှတ်တော်ထဲမှာ ရင်ဆိုင်ရအပြီးမှာ ခုလို စေလွှတ်လိုက်တာပါ။  ရာဇဝတ်ဂိုဏ်းတွေနဲ့ တိုက်ပွဲဝင်နေတဲ့ နဂိုရှိပြီးသား စစ်သည် ၈၆၀၀ နဲ့အတူ နောက်တိုး စစ်သည် ၁၄၀၀ က သွားရောက် ပူးပေါင်းမှာပါ။ သမ္မတဟာ ဖေဖော်ဝါရီ ၉ ရက်က အောက်လွှတ်တော် သမ္မတအတွက်ထားတဲ့ ထိုင်ခုံမှာ ဝင်ထိုင်ပြီး တိုက်ပွဲဝင် ဝတ်စုံပြည့် စစ်သည်တွေလို လက်ကိုယှက်ထားရင်း ဆုတောင်းခဲ့ပါသေးတယ်။ သူ သမ္မတဖြစ်လာတည်းက နိုင်ငံတွင်း လူသတ်မှုနှုန်း ကျဆင်းခဲ့တာပါ။ ဒါပေမယ့် လူသတ်မှုနှုံးကတော့ မြင့်နေဆဲ ဖြစ်ပါတယ်.  အယ်လ်ဆာဗေဒိုး စစ်သည်တွေဟာ ၁၉၉၀ ပြည့်လွန်နှစ်တွေတည်းက လုံခြုံရေးအတွက် အလုပ်လုပ်နေခဲ့ရလို့ လူ့အခွင့်အရေးအုပ်စုတွေက အမြင် မကြည်ကြပါဘူး။
1 year Ago
Up