စမောလင်း

July 22, 2019

မန်ယူအသင်းခေါင်းဆောင်အဖြစ် စမောလင်းနှင့် မာတစ်တို့ကို ရွေးချယ်ရန် ဘရိုင်ယန်ရော့ဘ်ဆင် တိုက်တွန်း

မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင် ရာထူးအတွက် နောက်ခံလူ စမောလင်းနဲ့ မာတစ်တို့ကို ရွေးချယ်ဖို့ အသင်းရဲ့ ဂန္ထဝင်ကစားသမားတဦးဖြစ်တဲ့ ဘရိုင်ယန်ရော့ဘ်ဆင်က တိုက်တွန်းလိုက်ပါတယ်။ အသင်းခေါင်းဆောင် အန်တိုနီယိုဗလင်စီယာ ထွက်ခွာခဲ့ပြီးနောက်ပိုင်း ပေါ့ဂ်ဘာနဲ့ အက်ရှ်လေယန်းတို့ကို အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ဖို့ စီစဉ်နေတဲ့အပေါ် ဘရိုင်ယန်ရော့ဘ်ဆင်က အခုလို တိုက်တွန်းလိုက်တာပါ။ ပေါ့ဂ်ဘာနဲ့ အက်ရှ်လေယန်း နှစ်ဦးစလုံးဟာ အနာဂတ်မသေချာ ဖြစ်နေတာကြောင့် လာမယ့်ရာသီမှာ ဘယ်သူ့ကို အသင်းခေါင်းဆောင်ပေးမလဲဆိုတဲ့ မေးခွန်းတွေ ဖြစ်လာခဲ့ပါတယ်။ ရော့ဘ်ဆင်က အသင်းခေါင်းဆောင်ဖြစ်နိုင်ဖို့ ကိုယ့်အပေါ်မှာ အသင်းဖော်တွေက ဘယ်လောက်ထိ လိုအပ်နေသလဲဆိုတာနဲ့ ဘယ်လိုဦးဆောင်နိုင်သလဲဆိုတာ သိဖို့ လိုအပ်ကြောင်း၊ အဲလိုအရည်အချင်းတွေကို စမောလင်းနဲ့ မာတစ်ဆီမှာ တွေ့ရကြောင်း ပြောကြားခဲ့ပါတယ်။ မန်ယူအသင်းခေါင်းဆောင်ဟောင်း တဦးလည်းဖြစ်တဲ့ ရော့ဘ်ဆင်ဟာ ၁၉၈၁ ခုနှစ်မှာ ဗြိတိန်စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၁ ဒသမ ၈ သန်းနဲ့ ရောက်ရှိလာခဲ့ပြီး ၁၉၉၃ ခုနှစ်မှာတော့ ဖာဂူဆန်လက်ထက် ပထမဆုံး ပရီးမီးယားလိဂ်ဆုဖလားကို ရယူနိုင်ခဲ့ပါတယ်။
2 years Ago

September 17, 2018

အဝေးကွင်းနှ်စ်ပွဲဆက် အနိုင်ရမှု ချန်ပီယံလိဂ်အတွက် ခွန်အားရှိဟု စမောလင်း ပြော

အဝေးကွင်းနှစ်ပွဲဆက်တိုက် အနိုင်ရခဲ့တာက ချန်ပီယံလိဂ်ပြိုင်ပွဲအတွက် ခွန်အားရှိသွားတယ်လို့ မန်ယူနောက်ခံလူ စမောလင်းက ပြောကြားလိုက်ပါတယ်။ မန်ယူအသင်းဟာ ဘန်လေ၊ ဝတ်ဖို့ဒ်အသင်းတွေနဲ့ အဝေးကွင်းပွဲစဉ်နှစ်ပွဲမှာ နှစ်ပွဲစလုံး အနိုင်ရလဒ် ရယူနိုင်ခဲ့တာပါ။ ဒီလိုရလဒ်ရခဲ့တာဟာ ချန်ပီယံလိဂ် ကစားရမယ့် မိမိတို့အသင်းအတွက် ခွန်အားဖြစ်စေခဲ့ပြီး အရေးပါတဲ့အချိန်မှာ အကောင်းဆုံးပုံစံနဲ့ ပြန်လာနိုင်ခဲ့ပြီဖြစ်တယ်လို့ စမောလင်းက ပြောပါတယ်။ စမောလင်းဟာ ဝတ်ဖို့ဒ်ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ အဝေးကွင်းပွဲစဉ်မှာ အနိုင်ဂိုးတဂိုး သွင်းခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဆွစ်ဇာလန်ကလပ် ယန်းဘွိုင်းအသင်းနဲ့ ဗုဒ္ဓဟူးနေ့ ကစားရမှာ ဖြစ်ပါတယ်။
3 years Ago
More News
Up