စေတနာ့ဝန်ထမ်း ၂ သိန်းခွဲ

A d v e r t i s e m e n t With Us

March 25, 2020

ကိုရိုနာဗိုင်းရပ်စ်ဒဏ်ခံနေရသူများကို ကူညီရန် ဗြိတိန်အစိုးရက စေတနာ့ဝန်ထမ်း ၂ သိန်းခွဲ ရှာဖွေစုဆောင်းနေ

ဗြိတိန်အစိုးရဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးသင့် အားနည်းတဲ့လူတွေနဲ့ နိုင်ငံလုံးဆိုင်ရာ ကျန်းမာရေးဌာန (NHS)ကို ကူညီဖို့ စေတနာ့ဝန်ထမ်း အယောက် ၂ သိန်းခွဲကို ရှာဖွေစုဆောင်းနေတယ်လို့ ကျန်းမာရေးဝန်ကြီး မတ်ဟန်းကွတ်ခ်က မတ် ၂၄ ရက်မှာ ပြောပါတယ်။ စေတနာ့ဝန်ထမ်း လုပ်အားပေးတွေဟာ ဆေးဆိုင်တွေကနေ ဆေးတွေ သယ်ပို့ပေးတာ၊ လူနာတွေကို ဆေးရုံရက်ချိန်းအတွက် အိမ်နဲ့ ဆေးရုံ အသွားအပြန် ကားမောင်းပို့တာနဲ့ အိမ်မှာ သီးခြားခွဲနေတဲ့ လူတွေကို ဖုန်းဆက်ပြီး ကျန်းမာရေး စစ်ဆေးတာတွေကို ကူညီရမှာပါ။ ဆိုးရွားတဲ့ ကျန်းမာရေးအခြေအနေတွေကနေ ကာကွယ်ဖို့ အစိုးရရဲ့ အကြံပြုချက်အရ အိမ်မှာ သီတင်းပတ် ၁၂ ပတ်ကြာ နေရမယ့် လူဦးရေ ၁ ဒသမ ၅သန်းအတွက် ကူညီဖို့ ဒီစနစ်က ရည်ရွယ်ထားပါတယ်။ လန်ဒန်မှာ လူနာအယောက် ၄၀၀၀ ကို ကုသဖို့ နောက်အပတ်မှာ ယာယီဆေးရုံသစ်ကို ဖွင့်မယ်လို့လည်း ဝန်ကြီးက ကြေညာပါတယ်။ ဗြိတိန်မှာ ဗိုင်းရပ်စ် ကူးစက်ခံ လူနာ ၈၀၀၀ ကျော်ပြီး ကူးစက်ခံ လူနာ ၄၂၂ ယောက် သေဆုံးခဲ့ပြီးပါပြီ။  လန်ဒန်က ဆေးရုံတွေဟာလည်း ဖိအားတွေကို ရင်ဆိုင်နေရပါတယ်။ ပြည်သူတွေ ကူးစက်ခံရပြီလို့ သံသယရှိရင် သေချာအောင် စစ်ဆေးနိုင်ဖို့ ကိုရိုနာဗိုင်းရပ်စ် အန်တီဘော်ဒီစနစ် စမ်းသပ်နိုင်တဲ့ ပစ္စည်း ၃ ဒသမ ၅ သန်းကို အစိုးရက ဝယ်ထားပြီးပြီလို့လည်း ဝန်ကြီးက ပြောခဲ့ပါတယ်။
11 months Ago
Up