စေတနာဝန်ထမ်း

A d v e r t i s e m e n t With Us

December 19, 2020

ပုဂ္ဂလိကဆေးရုံကလွှဲသည့် လူနာတွင် ကိုဗစ်ပိုးတွေ့၊ စေတနာ့ဝန်ထမ်း ၃ ဦး ကွာရန်တင်းဝင်ရ

မကွေးမြို့မှာ ဒီဇင်ဘာလ ၁၈ ရက်နေ့က ပုဂ္ဂလိက ဆေးရုံတစ်ခုက ကြိုတင်အသိမပေးဘဲ လွှဲပြောင်းတဲ့ ကိုဗစ်-၁၉ သံသယလူနာမှာ ပိုးတွေ့တာကြောင့် စေတနာ့ဝန်ထမ်း ၃ ယောက် ကွာရန်တင်း ဝင်လိုက်ရတယ်လို့ ရောင်စုံမေတ္တာလူမှုကူညီရေးအသင်းက သိရပါတယ်။ ပုဂ္ဂလိကဆေးရုံတစ်ခုကနေ ကိုဗစ်-၁၉ သံသယလူနာကို ကြိုတင်အသိပေးခြင်းမရှိဘဲ သင်ကြားရေးဆေးရုံကို လွှဲပြောင်းပြီးနောက် အဲဒီလူနာမှာ ရောဂါပိုးတွေ့ရှိခဲ့တာကြောင့် စေတနာ့ဝန်ထမ်း ၃ ယောက် အသွားလာကန့်သတ်ခံထားရပြီး ကွာရန်တင်းဝင်နေရတယ်လို့ ရောင်စုံမေတ္တာ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးအောင်မျိုးနိုင်က ပြောပါတယ်။ “လူနာလွှဲပြောင်းပေးဖို့ ဖုန်းဆက်ပြီး အကူညီတောင်းတဲ့အတွက် သင်ကြားရေးဆေးရုံကို ပို့ဆောင်ရာမှာ အဲဒီလူနာကို ကိုဗစ်-၁၉ ရောဂါကုသတဲ့ သီခြားဆောင်မှာ ထားမယ်လို့ ပြောမှ သံသယလူနာမှန်း သိရပြီးတော့ စေတနာ့ဝန်ထမ်း ၃ ယောက်ကို အသွားလာကန့်သတ်ပြီး ဓာတ်ခွဲ နမူနာပေးပို့စစ်ဆေးသွားမယ်” လို့ ဆိုပါတယ်။ တော်ဝင်ကံ့ကော် ပုဂ္ဂလိက ဆေးရုံက ကိုဗစ်-၁၉ သံသယလူနာ လွှဲပြောင်းတာကို ကြိုတင်အသိမပေးဘဲ လွှဲပြောင်းတာဖြစ်ပြီး အဲဒီဆေးရုံ နဲ့ပတ်သက်လို့ တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနကို တင်ပြထားပြီး ဘယ်လို အရေးယူမယ်ဆိုတာကိုတော့ မသိရသေးဘူး မကွေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က ပြောပါတယ်။ လူမှုကူညီရေးအသင်းတွေဆိုတာ အသက်နဲ့ရင်းပြီး အကူညီပေးနေရတာဖြစ်လို့ ပုဂ္ဂလိက ဆေးရုံတွေကော၊ လူနာရှင်တွေကော လူနာတွေရဲ့ ရာဇဝင်တွေကို မခြွင်းမချန် ပြောဖို့လိုအပ်ပြီး ဒီလိုမျိုး မဖြစ်သင့်ဘူးလို့ ဆိုပါတယ်။ မကွေးတိုင်ဒေသကြီးအတွင်းမှာ ဒီဇင်ဘာလ ၁၉ ရက်နေ့ မနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၁၀၁ ဦးထိရှိလာပြီး သေဆုံးသူ ၅ ယောက်ရှိတယ်လို့ တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ သတင်း-မင်းထီး
2 months Ago

April 1, 2020

မော်လမြိုင် Facility Quarantine စခန်း၌ ရောဂါကာကွယ်ရေးပစ္စည်းနှင့် စေတနာဝန်ထမ်း လိုအပ်နေ

ထိုင်းနိုင်ငံကပြန်လာတဲ့ မြန်မာနိုင်ငံသားတွေကိုထားရှိမယ့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ  Facility Quarantine အသွားအလာကန့်သတ်စောင့်ကြည့်တဲ့ စခန်းတွေမှာ COVID-19 ရောဂါကာကွယ်ရေး ပစ္စည်းတွေနဲ့ စေတနာ ဝန်ထမ်းတွေ အရေးပေါ် လိုအပ်နေပါတယ်။  ထိုင်းနိုင်ငံမှ ပြန်လာတဲ့ မြန်မာနိုင်ငံသား ၃၀၀ ကျော်ကို မတ် ၃၁ ရက်မှာ မွန်ပြည်နယ် အစိုးရအဖွဲ့က  မြဝတီကနေ သွားရောက်ခေါ်ဆောင် ကျန်းမာရေးစစ်ဆေးပြီး မော်လမြိုင်တက္ကသိုလ်ရှိ အဆောင်တွေမှာ Facility Quarantine  ထားရှိ စောင့်ကြည့်သွားမှာ ဖြစ်ပါတယ်။ ဒီလို စောင့်ကြည့်ရာမှာ လူဦးရေများတဲ့အတွက် ရောဂါကာကွယ်ရေး ပစ္စည်းတွေအပြင် စေတနာ ဝန်ထမ်းတွေလည်း လိုအပ်နေတယ်လို့ မော်လမြိုင်ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ဒုခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာစန်းစန်းအောင်က ပြောပါတယ်။ ရောက်ရှိလာတဲ့ မြန်မာနိုင်ငံသားတွေကိုတော့ နေ့စဉ်  ကျန်းမာရေး စစ်ဆေးမှာဖြစ်ပြီး ရောဂါလက္ခဏာပြသတဲ့သူတွေကိုတော့ Hospital Quarantine လုပ်ဆောင်သွားဖို့ စီစဉ်ထားတာပါ။ တိုင်းနဲ့ပြည်နယ်အသီးသီးက မြန်မာနိုင်ငံသားတွေကို ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်ကြောင့် သွားရောက်ခေါ်ဆောင်ခဲ့ပြီး မော်လမြိုင်မှာ ထားရှိဖို့ လုပ်ဆောင်ခဲ့တာ  ဖြစ်တယ်လို့ မွန်ပြည်နယ် လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးက ပြောပါတယ်။ နေရပ်ပြန်တွေကတော့ နေထိုင်ရာဇာတိမှာရှိတဲ့ Facility Quarantine စခန်းတွေမှာ ၁၄ ရက် စောင့်ကြည့်ခံရမယ်လို့ ထင်ထားပေမယ့် အခုလို တခြားဒေသမှာ နေထိုင်ရတာဟာ အဆင်မပြေဘူးလို့ ဆိုကြပါတယ်။ Facility Quarantine ထားရှိခံနေရသူတွေ နေရေးထိုင်ရေး အဆင်ပြေစေဖို့အတွက် စောင်၊ ခြင်ထောင်၊ ခေါင်းအုံကအစ စားရေးသောက်ရေးကိုလည်း မွန်ပြည်နယ် အစိုးရအဖွဲ့က အပြည့်အဝ တာဝန်ယူသွားမယ်လို့ ဝန်ကြီးက ပြောပါတယ်။ မွန်ပြည်နယ်မှာ နိုင်ငံရပ်ခြားက ပြန်လာတွေ နေထိုင်ဖို့အတွက် ပြည်နယ်တခုလုံးမှာ Facility Quarantine စခန်းပေါင်း ၃၅၀ ကျော် ဖွင့်လှစ်ထားပြီး မော်လမြိုင် တက္ကသိုလ်မှာတော့ လူပေါင်း ၁၀၀၀ ကျော် ထားနိုင်တဲ့စခန်းကို ဖွင့်လှစ်ထားတာပါ။   ဇော်လွင်ထွဋ်  
11 months Ago
Up