စေတနာရှင်များ

A d v e r t i s e m e n t With Us

April 2, 2020

COVID-19 ကာကွယ်ရေး ပြည်သူ့ပါတီနှင့် စေတနာရှင်များက ငွေနှင့် ဆေးရုံသုံးပစ္စည်းများ ပေးအပ်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားတဲ့ COVID-19 ကာကွယ်၊ထိန်းချုပ်၊ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီထံကို ပြည်သူ့ပါတီ ခေါင်းဆောင်တွေနဲ့ စေတနာရှင်တွေက အလှူငွေတွေနဲ့ ဆေးရုံသုံးပစ္စည်းတွေ ပေးအပ်လှူဒါန်းခဲ့ပါတယ်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှာ သွားရောက်ပေးအပ်တာဖြစ်ပြီး  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်စား ကော်မတီအတွင်းရေးမှူး(၂) ဖြစ်တဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးက လက်ခံခဲ့ပြီး ဂုဏ်ပြုတံဆိပ်တွေ ပြန်လည်ပေးအပ်ခဲ့တာပါ။  တစ်နိုင်ငံလုံးပူးပေါင်းပြီး ဆောင်ရွက်ရမှာ ဖြစ်တဲ့အတွက် ပြည်သူ့ပါတီအနေနဲ့လည်း ပါဝင် လှူဒါန်းရတာဖြစ်တယ်လို့ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောပါတယ်။ “ကျနော်တို့ တတ်စွမ်းသမျှလှူဒါန်းတာဖြစ်တဲ့အတွက်ကြောင့် ရုပ်၊ ၀တ္ထုပစ္စည်းတန်ဖိုး အရတော့ များမှာမဟုတ်ပါဘူး။ ဒါပေမယ့် နိုင်ငံတော်အဆင့် ဒီ COVID-19 ကာကွယ် တိုက်ဖျက်ရေးအတွက် ကြိုးပမ်းနေတဲ့ ဖြစ်စဉ်မှာ ပြည်သူ့ပါတီအနေနဲ့ တတပ်တအား ပူးပေါင်းပါဝင်ဆောင်ရွက်ချင်တဲ့အတွက်ကြောင့် တစ်မျိုးသားလုံးနဲ့ ပတ်သက်တဲ့အန္တရာယ်ကို ဖြေရှင်းဖို့အတွက် ကျနော်တို့ပြည်သူ့ပါတီဝင်ရဲဘော်များ၊ စေတနာရှင်များကနေ စုပေါင်းပြီးတော့ လာရောက်လှူဒါန်းတာဖြစ်ပါတယ်။ ဒီအန္တရာယ်ကြီးကို ကျနော်တို့နိုင်ငံမှာရှိတဲ့ အင်အားစုတွေ အားလုံး ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် စုပေါင်း အင်အားနဲ့ ကျော်လွှားနိုင်လိမ့်မယ်လို့လည်း ယုံကြည်ပါတယ် ” လို့ ဦးကိုကိုကြီးက ပြောပါတယ်။ ဒီနေ့ လှူဒါန်းတဲ့အထဲမှာ ပြည်သူ့ပါတီက PPE ဝတ်စုံ ၁၀၀ နဲ့ ငွေကျပ် သိန်း ၅၀ လှူဒါန်း ခဲ့သလို အခြား အလှူရှင်တွေ ကလည်း ပါဝင်လှူဒါန်းခဲ့ကြရာမှာ ငွေကျပ်စုစုပေါင်း ၇၉၇ သိန်းကျော် ရရှိခဲ့ပါတယ်။ ဖြိုးသက်ပိုင်မြင့် (နေပြည်တော်)
11 months Ago
Up