တရုတ်နိုင်ငံဟာ ပင်လယ်သမုဒ္ဒရာ လေ့လာစူးစမ်းရေးအတွက် ဂြိုဟ်တု တစ်စင်းကို ဇွန်လ ၁၁ ရက်မှာ အောင်အောင်မြင်မြင် လွှတ်တင်နိုင်ခဲ့ပါတယ်။
ဒီဂြိုလ်တုကို ရှန်းရှီးပြည်နယ်မြောက်ပိုင်းက ထိုက်ယွမ်ဂြိုဟ်တုလွှတ်တင်ရေးစခန်းက လွှတ်တင်ခဲ့တာပါ။
HY-1D လို့ခေါ်တဲ့ ဒီ ဂြိုဟ်တုကို လောင်းမာ့ချ်ဒုံးပျံနဲ့ အာကာသထဲကို ပေကျင်းစံတော်ချိန် နံနက် ၂ နာရီ ၃၁ မိနစ်မှာ လွှတ်တင်ခဲ့တယ်လို့ တရုတ်အမျိုးသား အာကာသအုပ်ချုပ်ရေးအဖွဲ့က ဆိုပါတယ်။
ဒီ ဂြိုဟ်တုအသစ်ဟာ အာကာသထဲမှာ ၂၀၁၈ စက်တင်ဘာက လွှင့်တင်ထားတဲ့ ရေကြောင်း ဝန်ဆောင်မှု ဂြိုလ်တု HY-1C နဲ့ အတူ တရုတ်ရဲ့ ဂြိုဟ်တုကွန်ရက်ထဲ တည်ရှိသွားမှာပါ။
ကြာသပတေးနေ့ ဒီ ဂြိုဟ်တုလွှတ်တင်မှုဟာ လောင်းမာ့ချ် ဒုံးပျံစီးရီးတွေနဲ့ ၃၃၄ ကြိမ်မြောက် လွှတ်တင်မှုဖြစ်တယ်လို့ ရိုက်တာသတင်းက ရေးပါတယ်။
9 months Ago