တရုတ်စူပါလိဂ်ကလပ်တခုက တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုကို ပေါင်သန်း ၂၅၀ ပေးပြီး ကမ်းလှမ်းခဲ့တယ်လို့ အေးဂျင့်ဖြစ်သူက ပြောဆိုလိုက်ပါတယ်။
ဒါပေမယ့် အသက် ၃၁ နှစ်အရွယ် တိုက်စစ်မှူးက တရုတ်ဘက်က ကမ်းလှမ်းချက်ကို စိတ်မဝင်စားဘူးလို့လည်း ဆိုထားပါတယ်။
အေးဂျင့်ဖြစ်သူကတော့ ငွေနဲ့ အရာရာကို ဆွဲဆောင်နိုင်မှာမဟုတ်ဘဲ ရီးရဲလ်အသင်းကသာ သူ့ရဲ့ဘဝ ဖြစ်တယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကပဲ မန်စီးတီးနဲ့ မန်ယူ တိုက်စစ်မှူးဟောင်း တီဗက်ဇ်ကို တရုတ်ကလပ် ရှန်ဟိုင်း ရှန်ဟွာအသင်းက ကမ္ဘာ့စံချိန်တင် လစာပေးပြီး ခေါ်ယူထားပါတယ်။
ပေါ်တူဂီအသင်းခေါင်းဆောင်ဖြစ်တဲ့ ရော်နယ်ဒိုကတော့ ရီးရဲလ်အတွက် နောက်ထပ် ၁၀ နှစ်အထိ ကစားပေးချင်ကြောင်း ပြောဆိုထားပါတယ်။
6 years Ago