စူပါမွန်းဖြစ်စဉ်ကို အမိအရရိုက်ကူးနိုင်ခဲ့သည့် ကင်မရာသမား (ရုပ်သံ)

December 6, 2017

စူပါမွန်းဖြစ်စဉ်ကို အမိအရရိုက်ကူးနိုင်ခဲ့သည့် ကင်မရာသမား (ရုပ်သံ)

အမေရိကန်ပြည်ထောင်စု ဒက်ထရွိုက်မြို့မှာ ဖြစ်ပေါ်ခဲ့တဲ့ စူပါမွန်းဖြစ်စဉ်ကို ဗွီဒီယိုကင်မရာမန်း တဦးက အမိအရ မှတ်တမ်းတင် ရိုက်ကူးခဲ့ပါတယ်။ ဒီဇင်ဘာ ၃ ရက်နေ့ညက ဒက်ထရွိုက်မြို့ အမ်ဘက်စတာတံတား (AMBASSADOR BRIDGE) ပေါ်ကနေ ပေါ်ထွက်လာတဲ့ စူပါမွန်းကို ကင်မရာမန်း ဒပ်စတင်-ဒေးဝါ့သ်က  ရိုက်ကူးခဲ့တာပါ။ အဆိုပါကင်မရာမန်းဟာ စူပါမွန်းဖြစ်စဉ်ကို မှတ်တမ်းတင်ဖို့ ၁ လကြာစီစဉ်ခဲ့ပြီး ဒက်ထရွိုက်မြို့မှာ လာရောက် ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် အမ်ဘက်စတာတံတားနဲ့ ရီနေးဆန့်စင်တာ အဆောက်အဦ ပေါ်ကနေ ပေါ်ထွက်လာတဲ့ စူပါမွန်းကို မှတ်တမ်းတင်ခဲ့ပါတယ်။ “ကိုယ်စီစဉ်ထားတဲ့နေရာကနေ စူပါမွန်းထွက်လာတာကို မြင်ရတာ စိတ်လှုပ်ရှားစရာကောင်းပြီး လွမ်းမောစရာ လည်းကောင်းတယ်” လို့ ဒပ်စတင်-ဒေးဝါ့သ်က ပြောခဲ့ပါတယ်။ လဟာ ကမ္ဘာနဲ့ အနီးဆုံးနေရာ ရောက်သွားတဲ့အခါ စူပါမွန်းဖြစ်စဉ်ကို မြင်တွေ့ရလေ့ရှိပြီး အဲဒီဖြစ်စဥင်္်ဟာ နှစ်တစ်နှ်စ်ရဲ့ နောက်ဆုံး လပြည့်ခြင်းလည်းဖြစ်တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
3 years Ago
Up