စူပါမွန်း

A d v e r t i s e m e n t With Us

November 15, 2016

တန်ဆောင်မုန်းလပြည့်ညက မြန်မာပြည်မှ မြင်တွေ့ခဲ့ရသည့် စူပါမွန်း

စူပါမွန်းလို့ခေါ်တဲ့ သာမန်ထက်ကြီးပြီး ပိုလင်းတဲ့ လပြည့်ကို တန်ဆောင်မုန်းလပြည့်ညက မြန်မာပြည်ကနေ မြင်တွေ့ခဲ့ရပါတယ်။ ဒါဟာ လကို မြင်နေကျ အရွယ်ထက် ၇ ရာခိုင်နှုန်း ပိုကြီးပြီး မြင်ရတာဖြစ်သလို အရောင်အဆင်းအနေနဲ့လည်း ၁၅ ရာခိုင်နှုန်း ပိုပြီးတောက်ပနေတာပါ။ လဟာ ကမ္ဘာနဲ့ အနီးဆုံးနေရာကို ရောက်လာတာကြောင့် ထူးကဲဒီရေတက်တာတွေ၊ ငလျင်လှုပ်တာတွေ ဖြစ်လာနိုင်တယ်လို့ ပညာရှင်တွေက ခန့်မှန်း သတိပေးထားပါတယ်။ ဒီဖြစ်စဉ်ကို ၁၉၄၈ ခုနှစ်က တစ်ကြိမ်ကြုံခဲ့ရပြီး အခုလောက် မြေကမ္ဘာနဲ့နီးနီးကို ၂၀၃၄ ခုနှစ် နိုဝင်ဘာ ၂၅ ရက်ကျမှပဲ ပြန်တွေ့ရမှာ ဖြစ်ပါတယ်။  
4 years Ago

November 14, 2016

ကမ္ဘာတ၀န်း စူပါမွန်းကြည့်မည့်သူများ ကြိုတင်ပြင်ဆင်

နှစ်ပေါင်း ၇၀ အတွင်း လကို ကမ္ဘာဂြိုဟ်ကနေ အကြီးဆုံးနဲ့ အတောက်ပဆုံး မြင်တွေ့ခွင့်ရမှာဖြစ်တဲ့အတွက် ကမ္ဘာတဝန်း လကြည့်မယ့်သူတွေ နိုဝင်ဘာ ၁၄ ရက်နေ့မှာ ကြိုတင်ပြင်ဆင်နေကြပါတယ်။ နိုဝင်ဘာ ၁၃ ရက်ညကတော့ စပိန်နိုင်ငံ၊ မက်ဒရစ်မြို့တော်နားက တောင်ထိပ်တခုမှာ စူပါမွန်း (Supermoon) ကြည့်ကြမယ့် မြို့ခံတွေ စောင့်ဆိုင်းကြည့်ရှုခဲ့ကြပါတယ်။ စပိန်နိုင်ငံရဲ့ အထင်ကရ အော့စ်ဘွန်း (Osborne) နွားသိုးရုပ်ကြီးနားမှာ ကလေးတွေ၊ စုံတွဲတွေနဲ့ မိသားစုတွေ ညနေ ၆ နာရီကတည်းက လာရောက်စောင့်ဆိုင်းခဲ့ကြတာပါ။ အခုရက်တွေအတွင်း ကြည့်ခွင့်ရမယ့် စူပါမွန်းဟာ ၁၉၄၈ နောက်ပိုင်း အကြီးဆုံးနဲ့ အတောက်ပဆုံး ဖြစ်ပါတယ်။ ဒီရက်တွေအတွင်း အကြီးဆုံးမြင်ရမယ့်အချိန်ဟာ လက ကမ္ဘာဂြိုဟ်နဲ့ အနီးဆုံး အကွာအဝေးက ဖြတ်သန်းသွားမယ့်အချိန်ဖြစ်ပြီး မြန်မာနိုင်ငံမှာတော့ နိုဝင်ဘာ ၁၄ ရက်နေ့ ညနေ ၅ နာရီ ၅၃ မိနစ်မှာ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ လက ကမ္ဘာကို ပုံမှန်ပတ်နေတဲ့ အကွာအဝေးထက် မိုင်ပေါင်း ၂၂၀၀၀ လောက် အကွာအဝေးက ဖြတ်သန်းသွားမှာပါ။ ရာသီဥတု သာသာယာယာနဲ့ဆိုရင် လကို ပုံမှန်မြင်ရတဲ့အရွယ်ထက် ၁၄ ဆနဲ့ ပုံမှန်အလင်းရောင်ထက် အဆ ၃၀ ပိုပြီးတောက်ပမှာ ဖြစ်ပါတယ်။ ကမ္ဘာဂြိုဟ်ကို လက ၂၈ ရက်ကြာ တပတ် ပတ်တဲ့အချိန်မှာ ကမ္ဘာဂြိုဟ်နဲ့အနီးဆုံး ဖြတ်သန်းသွားတဲ့အချိန်မှာမှ လပြည့်နေ့နဲ့ လာတိုက်ဆိုင်တာပါ။ အခုလို စူပါမွန်းကို နောက်တကြိမ် တွေ့မြင်ရမယ့်အချိန်ကတော့ လာမယ့် ၁၈ နှစ်၊ ၂၀၃၄ ခုနှစ်ကျမှ ဖြစ်ပါတယ်။
4 years Ago
Up