စူပါမားကက်

October 21, 2019

ချီလီနိုင်ငံရှိ စူပါမားကက်တခုကို ဆန္ဒပြသူများ မီးရှို့၊ ၃ ဦး သေဆုံး

ချီလီနိုင်ငံရဲ့ မြို့တော် စန်ဒီယေဂိုက စူပါမားကက်တခုကို ဆန္ဒပြသူတွေက မီးရှို့အပြီး လူ ၃ ယောက် သေဆုံးခဲ့ပါတယ်။ မြို့ရဲ့ လေဆိပ်မှာ  ဝန်ထမ်းတွေ အလုပ်မဆင်းနိုင်လို့ လေကြောင်းခရီးစဉ် အများအပြားကို ဆိုင်းငံ့ထားရတယ်လို့ မြို့အုပ်ချုပ်ရေးမှူး ကာလာ ရူဘီလာက အောက်တိုဘာ ၂၀ မှာ အတည်ပြုပါတယ်။ ချီလီရဲ့ အကြီးဆုံး လေကြောင်းလိုင်းတွေ ဖြစ်တဲ့ လာတမ်နဲ့ စကိုင်း လေကြောင်းလိုင်းတွေက နေဝင်မီးငြိမ်း အမိန့်ထုတ်အပြီး တနင်္ဂနွေမနက်က စတင်ကာ ပျံသန်းမှု ရပ်ဆိုင်းထားပါတယ်။  အများပြည်သူ သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေကိုလည်း ပိတ်ထားပြီး အဓိကရုဏ်းတွေ ဆက်ဖြစ်နေလို့ ဝန်ထမ်းတွေ အလုပ်မဆင်းနိုင် ဖြစ်နေတယ်လို့ ရူဘီလာက ပြောပါတယ်။ အများပြည်သူ သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်တွေ တိုးမြှင့်လိုက်တဲ့အပေါ် ဆန္ဒပြပွဲတွေ တိုးနေပြီး မြို့တော် စန်တီယာဂိုနဲ့ တခြားမြို့တွေမှာ အဓိကရုဏ်းတွေ ဖြစ်နေတာ ရက် အတော်ကြာပြီမို့ သမ္မတ စီဘတ်စီယံ ပစ်နေးရားက အရေးပေါ် အခြေအနေ ကြေညာထားရပါတယ်။  ဝေါလ်မတ် စတိုးဆိုင် ၆၀ လောက်လည်း မတည်ငြိမ်မှုတွေအတွင်း ဖျက်ဆီးခံရလို့ နိုင်ငံတလွှားက စတိုးဆိုင်တွေကို ပိတ်ထားတယ်လို့ ဝေါလ်မတ်ချီလီက အတည်ပြု ပြောဆိုပါတယ်။ မြို့တော် စန်တီယာဂိုနဲ့ ပတ်ဝန်းကျင်က တခြားမြို့ ၆ မြို့မှာလည်း အခြေအနေ မတည်ငြိမ်ဘူးလို့ ရိုက်တာ သတင်းဌာနမှာ ဖော်ပြထားပါတယ်။
2 years Ago
Up