စူပါမန်း

July 10, 2015

စူပါမန်း ပုံစံတူဖြစ်ရန် ခွဲစိတ်မှု ၂၃ ကြိမ် ပြုလုပ်ခဲ့သည့် ဖိလစ်ပိုင်အမျိုးသား

ဖိလစ်ပိုင်အမျိုးသားတဦးဟာ သူအနှစ်သက်ဆုံး စံပြဇာတ်ကောင် စူပါမန်းကို သဘောကျတဲ့အတွက် ပုံစံတူခွဲစိတ်ပြုပြင်မှု ၂၃ ကြိမ် ပြုလုပ်ပြီးတဲ့နောက်မှာ သက်ဆိုင်ရာ ဆရာဝန်တွေက နောက်ထပ်ခွဲစိတ်မှုတွေ ဆက်မလုပ်သင့်တော့ကြောင်း သတိပေးလိုက်ပါတယ်။ အသက် ၃၇ နှစ်အရွယ် ဟားဗတ်ချာဗက်ဇ်ဟာ နှာခေါင်းခွဲစိတ်ပြုပြင်မှု၊ ပါးရိုးနဲ့ မေးစေ့ခွဲစိတ်ပြုပြင်မှု၊ အသားအရောင်နဲ့ မေးရိုးပြန်လည်ချိန်ညှိမှုတွေ အပါအ၀င် တခြားပြောင်းလဲမှုတွေအတွက် အမေရိကန်ဒေါ်လာ ၁၀၀၀၀ ထက်မနည်း ကုန်ချခံ သုံးစွဲခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ ဟားဗတ်ချာဗက်ဇ်ဟာ ရင်ဘတ်နဲ့ ၀မ်းဗိုက်ကြွက်သားဆိုင်ရာ ပြုပြင်မှုတွေအတွက် မက်ဆိုလင်ပိုဆေးကို အသုံးပြုခဲ့ရပြီး အဲဒီဆေးဟာ နိုင်ငံတော်တော်များများမှာ တားမြစ်ထားတဲ့ ဆေးတမျိုး ဖြစ်ပါတယ်။ အလှအပဆိုင်ရာ ခွဲစိတ်ဆရာဝန်တွေဖြစ်တဲ့ တယ်ရီဒူဘရိုးနဲ့ ပေါလ်နာဆစ်ဖ်တို့ကတော့ သူ့ကို ၀မ်းဗိုက်ကြွက်သားဆိုင်ရာ ပြုပြင်မှုတွေ လုပ်မယ့်အစား ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်းတွေ လုပ်ဖို့ တိုက်တွန်းခဲ့ကြတာပါ။ ခုလို ပြင်ပကိုယ်ခန္ဓာ အလှအပဆိုင်ရာ ခွဲစိတ်ပြုပြင်မှုတွေဟာ အန္တရာယ်များတဲ့အတွက် ဆရာဝန်တွေက သူ့အတွက် စိုးရိမ်ပူပန်နေကြပေမယ့် ဟားဗတ်ချားဗက်ဇ်ကတော့ ခွဲစိတ်ပြုပြင်မှုတွေဟာ မပြီးသေးဘူးလို့ ပြောလိုက်ပါတယ်။ “ဆရာဝန်တွေဟာ တခြားလူတွေအတွက် ပိုကြည့်ကောင်းလာဖို့ ခွဲစိတ်ပြုပြင်မှုတွေ လုပ်ပေးနိုင်တာပဲ။ ကျနော့်အတွက် စူပါဟီးရိုးတယောက်ဖြစ်လာဖို့ ဘာကြောင့် မလုပ်ပေးနိုင်ရမှာလဲ။”
6 years Ago
Up