စူပါဆိုက်ကလုန်း

May 21, 2020

အမ်ဖန် စူပါဆိုက်ကလုန်းမုန်တိုင်းကြောင့် လူ ၁၄ ဦးထက်မနည်း သေဆုံး

စူပါဆိုင်ကလုန်းအမ်ဖန်ဟာ မေလ ၂၀ ရက်က  အိန္ဒိယအရှေ့ပိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်ကို  ဝင်ရောက်ခဲ့တာကြောင့်  လူ  ၁၄ ယောက်ထက် မနည်း သေဆုံးပြီး နေအိမ်ထောင်ချီ ပျက်စီးခဲ့တယ်လို့ အယ်ဂျားဇီးယားရုပ်သံက ဖော်ပြပါတယ်။  မုန်တိုင်းကျမယ့် လမ်းကြောင်းမှာရှိတဲ့ သန်းနဲ့ချီတဲ့ ပြည်သူတွေကိုလည်း   ဘေးလွတ်ရာ ကြိုတင် ပြောင်းရွှေ့ထားပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘိုလာခရိုင်မှာ   မုန်တိုင်းကြောင့်  အသက် ၇၀ အရွယ် အမျိုးသား တစ်ဦး သစ်ပင်ပိ သေဆုံးခဲ့တယ်လို့  ရဲအရာရှိတစ်ဦးက ပြောပါတယ်။ အိန္ဒိယနိုင်ငံ  သြရိဿပြည်နယ်နဲ့ အနောက်ဘန်ဂေါပြည်နယ်တွေမှာတော့ နောက်ထပ် လူ ၆ သိန်းခွဲကို ဘေးကင်းရာ ပြောင်းရွှေ့ပေး ထားပါတယ်။ ဆိုင်ကလုန်း အမ်ဖန်ဟာ ကုန်းတွင်းပိုင်းကို လေတိုက်နှုန်း  တစ်နာရီ  ၁၈၅ ကီလိုမီတာနှုန်းနဲ့ ဝင်ရောက်ခဲ့တယ်လို့ အိန္ဒိယမိုးလေဝသဌာန အကြီးအကဲက သတင်းထောက်တွေကို ပြောပါတယ်။   မုန်တိုင်းတိုက်နေစဉ် ဆန်ဒါဘန် မြစ်ဝကျွန်းပေါ် အရပ်မှာ  လှိုင်းအမြင့် ၅ မီတာ ဝန်းကျင် ရောက်ခဲ့ပြီး  အဲဒီဒေသမှာ လူ ၄ သန်း နေထိုင်တယ်လို့ ရိုက်တာသတင်းမှာဖော်ပြပါတယ်။  
11 months Ago
Up