စူပါကိုပါဖလား

January 21, 2021

ဂျူဗင်တပ်စ်အသင်း နာပိုလီကို (၂-၀) ဂိုးဖြင့် အနိုင်ရပြီး  စူပါကိုပါဖလား ချန်ပီယံဖြစ်လာ

မနေ့ညက ကစားခဲ့တဲ့ စူပါကိုပါဖလားပွဲဗိုလ်လုပွဲမှာ   ရော်နယ်ဒိုရဲ့သွင်းဂိုးနဲ့အတူ ဂျူဗင်တပ်စ်အသင်းက နာပိုလီကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး ချန်ပီယံဖြစ်လာပါ။  ဒီပွဲမှာ ပေါ်တူဂီသား စီရော်နယ်ဒိုက  အဖွင့်ဂိုးကို ပွဲချိန် ၆၄ မိနစ်မှာ သွင်းယူပေးခဲ့ပြီး မိုရာတာက ဒုတိယအနိုင်ဂိုးကို သွင်းယူခဲ့ကာ  ဂျူဗင်တပ်စ်တို့ ချန်ပီယံအဖြစ် အောင်ပွဲခံ နိုင်ခဲ့တာပါ။  ဒီဖလားဟာ ရော်နယ်ဒိုအတွက် ဂျူဗင်တပ်စ်ကစားသမားဘဝ ၄ ခုမြောက်ချန်ပီယံဆု ဖြစ်လာပါတယ်။  စူပါကိုပါဖလားမှာ ဗိုလ်ဆွဲနိုင်ခဲ့ပေမဲ့ ဂျူဗင်တပ်စ်အသင်းဟာ ဒီရာသီစီးရီးအေပြိုင်ပွဲမှာတော့ ရုန်းကန်နေခဲ့ပါတယ်။ အမှတ်ပေးဇယားရဲ့အဆင့် ၅ ကို ရောက်ရှိနေပြီး ထိပ်ဆုံးက အေစီမီလန်အသင်းထက် တစ်ပွဲပို ကစားကာ ၁၀ မှတ်အထိ ကွာဟနေပါတယ်။  သူတို့ ၂ သင်းအကြားမှာ အင်တာမီလန်၊ နာပိုလီ၊ ရိုးမားအသင်းတို့ ရှိနေပြီး  စတူဂတ်တိုဖလားကို ၉ နှစ်ဆက်တိုက်သိမ်းပိုက်နိုင်ခဲ့တဲ့ ဂျူဗင်တပ်စ်အတွက် ဒီရာသီဟာ တော်တော်လေး ခက်ခဲနေတယ်လို့ ယူဆရမှာပဲ ဖြစ်ပါတယ်။  စူပါကိုပါဖလားကို ကိုင်မြောက်နိုင်ခဲ့ပြီးနောက် ဒီအောင်မြင်မှုဟာ ခက်ခဲတဲ့ လိဂ်ပွဲစဉ်တွေမှာ ဂျူဗင်တပ်စ်အသင်းအတွက်ယုံကြည်မှု မြင့်တင်ပေးမယ့်အရာဖြစ်လာလိမ့်မယ်လို့ ရော်နယ်ဒိုက မျှော်လင်နေပါတယ်။  “ကျနော်တို့ ဒီအောင်မြင်မှုအတွက် အရမ်းကို ပျော်ရွှင်ရပါတယ်။ ဒါဟာ ခက်ခဲခဲ့ပါတယ်။ အထူးသဖြင့် ကွင်းအခြေအနေဟာ ဆိုးရွားနေပါတယ်။ဒါပေမဲ့ ကျနော်တို့ လုပ်နိုင်ခဲ့ပါတယ်။ ဒီဖလားဟာ ကျနော်တို့အတွက် အရမ်းကို အရေးပါပြီး အနာဂတ်မှာ အသင်းအတွက် ယုံကြည်မှု တိုးပွားလာစေတဲ့ အရာဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်” လို့ ရော်နယ်ဒိုက ပွဲအပြီးမှာ ပြောခဲ့ပါတယ်။  ဗုဒ္ဓဟူးနေ့ သွင်းဂိုးကြောင့် ရော်နယ်ဒိုဟာ ဒီရာသီမှာ စုစုပေါင်း သွင်းဂိုး ၂၁ ဂိုးရရှိခဲ့ပြီဖြစ်ပြီး သူ့ရဲ့ ကစားသမား ဘဝတစ်ခုလုံးအတွက် သွင်းဂိုး ၇၆၀ ပြည့်မြောက်ခဲ့ပြီလည်း ဖြစ်ပါတယ်။   ဒီဂိုးကြောင့်ရော်နယ်ဒိုဟာ ဘီကန်ရဲ့ ဂိုးသွင်းအများဆုံးစံချိန်ကို ကျော်ဖြတ်ကာ ဘောလုံး သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပြီလည်း ဖြစ်ပါတယ်။ 
9 months Ago
Up