စုံတွဲသီဆိုသည့်

March 2, 2020

ဖြိုးပြည့်စုံနှင့် ရတနာမိုင် စုံတွဲသီဆိုသည့် “ဇိမ်ပဲ” သင်္ကြန်သီချင်းသစ်(ရုပ်သံ) (ဖေ့စ်ဘွတ်ခ်ရွာ… ဖေ့စ်ဘွတ်ခ်ကမ္ဘာ)

“ဟေ့ ဟေ့ ညီမလေး ညီမလေး ဘယ်မဏ္ဍပ်လဲ… ဟေ့ ဟေ့ ကိုကြီး ကိုကြီး ဘယ် မဏ္ဍပ်လဲ… ဟေ့ ဟေ့ ညီမလေး ဒီနှစ် ဘယ်မဏ္ဍပ်လဲ… ဟေ့ ဟေ့ ကိုကြီး ဒီနှစ် ဘယ်မဏ္ဍပ်လဲ” ဒါကတော့ မကြာခင် ကျရောက်တော့မယ့် သင်္ကြန်ရာသီအမီ ထွက်ရှိလာတဲ့ သီချင်းသစ်တပုဒ်ဖြစ်ပြီး နာမည်ကြီး အဆိုတော် ၂ ယောက်ဖြစ်ကြတဲ့ တေးသံရှင် ဖြိုးပြည့်စုံနဲ့ ရတနာမိုင်တို့က စုံတွဲသီဆိုထားခဲ့ကြတာ ဖြစ်ပါတယ်။ “ဇိမ်ပဲ… ဇိမ်ပဲ… အတူဆင်နွှဲဖို့နေရာ… ဇိမ်ပဲ(ဒီသင်္ကြန်)… ဇိမ်ပဲ(ဒီမဏ္ဍပ်)… အ တူဝင်ကဲဖို့ နေရာ… ဇိမ်ပဲ… ဇိမ်ပဲ… အတူဆင်နွှဲဖို့နေရာ… ဇိမ်ပဲ(ဒီသင်္ကြန်)… ဇိမ်ပဲ (ဒီမ ဏ္ဍပ်)… အတူဝင်ကဲဖို့ နေရာ” ဇိမ်ပဲလို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ တေးရေးဆရာ မင်းချစ်သူက ရေးဖွဲ့ ပေးထားခဲ့ပြီး လတ်တလောမှာတော့ ပရိသတ်တွေကြား ရေပန်းစားနေခဲ့တာပါ။ “ခုန်ချင် အော်ချင်သူများ အကြိုက်ပဲ… ဒီအချိန်မှာ စင်ပေါ်တက် မိုက်ခဲ… ထိုင် ကြွေမနေနဲ့ အိမ်ထဲ… ရွာစား DJ ဖွင့်လိုက်ပါ တူးပို့” မြူးကြွတဲ့ သံစဉ်နဲ့ သီချင်းတေးသွားကြား လိုက်ဖက်ညီတဲ့ တေးသံရှင် ၂ ယောက်ရဲ့ ကြည်မြတဲ့အသံနဲ့အတူ အကအဖွဲ့တွေရဲ့ သီဆိုကခုန်မှုတွေကိုပါ ရှုစားနားဆင်နိုင်မှာ ဖြစ်ပါတယ်။ ဒီသီချင်းရုပ်သံကိုတော့ ဒါရိုက်တာ ဇော်မျိုး(ခရေပုံပြင်)က ရိုက်ကူးပုံဖော်ပေးထားတာဖြစ်ပြီး Life & Dance အကအဖွဲ့က အားဖြည့်ပါဝင်ထားခဲ့ကြတာ ဖြစ်ပါတယ်။ “ရေတွေ စိုစိုရွှဲရွှဲ တွဲကမယ် လာ… မြေပြင်အနှံ့ တူးပို့သံ ဘဝဂ်ထိ ညံသွား… ဧည့်သည်တွေ လာပါစေ ကမ္ဘာအရပ်ရပ်က… အာရီ ဂတော , thank you , ကျေး ဇူး ပါ… ဟေ့ ဟေ့ ညီမလေး ညီမလေး ဘယ်မဏ္ဍပ်လဲ… ဟေ့ ဟေ့ ကိုကြီး ကိုကြီး ဘယ်မဏ္ဍပ် လဲ… ဟေ့ ဟေ့ ညီမလေး ဒီနှစ် ဘယ်မဏ္ဍပ်လဲ… ဟေ့ ဟေ့ ကိုကြီး ဒီနှစ် ဘယ်မဏ္ဍပ်လဲ” ဒီသီချင်းကိုတော့ Legacy Music ဖေ့စ်ဘွတ်ခ် အင်တာနက် လူမှုကွန်ရက်စာမျက်နှာပေါ်မှတဆင့် မျှဝေထားခဲ့တာဖြစ်ပြီး နာမည်ကြီးနေခဲ့တာ ဖြစ်ပါတယ်။
1 year Ago
Up