စုံစမ်းစစ်​​​ဆေး​ရေး​ကော်​မရှင်

August 31, 2018

လွတ်​လပ်​​သော စုံစမ်းစစ်​​​ဆေး​ရေး​ကော်​မရှင်​ မောင်​​တောသို့ သွား​ရောက်

လွတ်​လပ်​​သောစုံစမ်းစစ်​​ဆေး​ရေး​ကော်​မရှင်​ဟာ ဒီက​နေ့ မနက်​ ရခိုင်​ပြည်​နယ်​ စစ်​​တွေ​လေဆိပ်​ကို ​ရောက်​ရှိလာပြီး အကြမ်းဖက်​မှု​တွေဖြစ်​​ပေါ်ခဲ့တဲ့ ရခိုင်ပြည်နယ်၊ ​မောင်​​တော​ဒေသကို ရဟတ်ယာဉ်​နဲ့ ထွက်​ခွာသွားကြပါတယ်​။ လွတ်​လပ်​တဲ့ စုံစမ်းစစ်​​ရေး​ကော်​မရှင်​ဟာ Golden Myanmar ​လေ​ကြောင်းနဲ့ စစ်​​တွေ​လေဆိပ်​ကို ​ရောက်​ရှိလာတာဖြစ်​ပြီး မောင်​​တောကို ထွက်​ခွာသွားကြတာဖြစ်​ပါတယ်​။ ​ဒီခရီးစဉ်​မှာ လွတ်​လပ်​တဲ့ စုံစမ်းစစ်​​ဆေး​ရေး​ကော်​မရှင်​ဥက္ကဋ္ဌ ဖိလစ်ပိုင်သံအမတ်ကြီး ရိုဆာရီယိုမယ်နာလို၊ အဖွဲ့ဝင်​ ဂျပန်သံအမတ်ကြီး ကင်ဇိုအိုရှီးမားတို့ နဲ့အတူ UEHRD ညွှန်​ကြား​ရေးမှူးချုပ်​ ​ဒေါက်​တာ​ အောင်​ထွန်း​သက်​၊ လူကယ်​ပြန်​ဒုဝန်​ကြီး ဦးစိုး​အောင်​တို့လိုက်​ပါလာတယ်​။ လွတ်​လပ်​တဲ့ စုံစမ်းစစ်​​ရေး​ကော်​မရှင်​ဟာ​ အကြမ်းဖက်​မှု​တွေဖြစ်​​ပေါ်ခဲ့တဲ့ ​မောင်​​တောမြို့နယ်​ ငခူးရ၊ ကိုင်းကြီး မြိုရွာ၊ ရဲ​ဘော်​ကျဟိန္ဒူ​ကျေးရွာ၊ စတဲ့​နေရာ​တွေကို ​သွား​ရောက်​​​တွေ့ဆုံမှာ ဖြစ်​ပါတယ်​။ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဋ္ဌ သံအမတ်ကြီး ရိုဆာရီယိုမယ်နာလိုနဲ့ အဖွဲ့ဝင်တွေဟာ မနေ့ကလည်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနမှာ တွေ့ဆုံခဲ့ပါတယ်။ မြန်မာ့တပ်မတော်အနေနဲ့  စုံစမ်းစစ်ဆေးရေးကော်မရှင်နဲ့ အပြည့်အ၀ ပူးပေါင်းဆောင်ရွက်မယ်လို့ ဒုတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားထားပါတယ်။ သတင်း၊ ဓာတ်​ပုံ- ဝဏ္ဏခွာညို
3 years Ago
Up