စုဖွဲ့မှု

September 23, 2019

မန်ယူ စုဖွဲ့မှု သက်တမ်းတလျှောက် အဆိုးဆုံးဟု ဝေဖန်ခံရ

လက်ရှိ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ လူစုဖွဲ့မှုဟာ အသင်းရဲ့ ပရီးမီးယားလိဂ် သက်တမ်းတလျှောက် အဆိုးရွားဆုံးဖြစ်ကြာင်း ဘောလုံး သုံးသပ်သူအဖြစ် လုပ်ကိုင်နေတဲ့ ဂရေမီဆောင်းနက်စ်က ပြောကြားလိုက်ပါတယ်။  ဝက်စ်ဟမ်းကို အဝေးကွင်းမှာ ၂ ဂိုးပြတ် အရေးနိမ့်ခဲ့တဲ့ ယူနိုက်တက်ဟာ အဝေးကွင်း ၉ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးခဲ့တာ ဖြစ်ပါတယ်။ နည်းပြ‌ဟောင်း မော်ရင်ဟိုကတော့ အခုအချိန်မှာ သူ့ကို ပျော်နေတယ် ထင်ကြမှာ ဖြစ်ပေမယ့် အမှန်တကယ်တော့ စိတ်မကောင်းကြောင်း၊ လီဗာပူး၊ မန်စီးတီးတို့နဲ့ တ‌ဖြည်းဖြည်း ဝေးလာခဲ့ပြီး ထိပ်သီး ၄ သင်း ဝင်ဖို့ထက် ၆ သင်းထဲ ဝင်နိုင်ဖို့တောင် ခက်ခဲလာ‌ကြောင်း၊ ပြီးခဲ့တဲ့ရာသီထက်တောင် အ‌ခြေအနေ ဆိုး‌နေ‌ကြောင်း ပြောကြားခဲ့ပါတယ်။ အသင်းခေါင်းဆောင်ဟောင်း ရွိုင်းကိန်းကတော့ ဒီနှစ်ပိုင်းတောက်လျှောက်မှာ ယူနိုက်တက်ဟာ ‌ခြေစွမ်းမကောင်းတဲ့ ကစားသမားတွေနဲ့ ဖြတ်သန်းနေရ‌တယ်လို့ စိတ်မကောင်းစွာ ပြောကြားသွားခဲ့ပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version မန္ယူ စုဖြဲ႕မႈ သက္တမ္းတေလွ်ာက္ အဆိုးဆုံးဟု ေဝဖန္ခံရ လက္ရွိ မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ လူစုဖြဲ႕မႈဟာ အသင္းရဲ႕ ပရီးမီးယားလိဂ္ သက္တမ္းတေလွ်ာက္ အဆိုး႐ြားဆုံးျဖစ္ၾကာင္း ေဘာလုံး သုံးသပ္သူအျဖစ္ လုပ္ကိုင္ေနတဲ့ ဂေရမီေဆာင္းနက္စ္က ေျပာၾကားလိုက္ပါတယ္။ ဝက္စ္ဟမ္းကို အေဝးကြင္းမွာ ၂ ဂိုးျပတ္ အေရးနိမ့္ခဲ့တဲ့ ယူႏိုက္တက္ဟာ အေဝးကြင္း ၉ ပြဲဆက္ ႏိုင္ပြဲ ေပ်ာက္ဆုံးခဲ့တာ ျဖစ္ပါတယ္။ နည္းျပ‌ေဟာင္း ေမာ္ရင္ဟိုကေတာ့ အခုအခ်ိန္မွာ သူ႔ကို ေပ်ာ္ေနတယ္ ထင္ၾကမွာ ျဖစ္ေပမယ့္ အမွန္တကယ္ေတာ့ စိတ္မေကာင္းေၾကာင္း၊ လီဗာပူး၊ မန္စီးတီးတို႔နဲ႔ တ‌ျဖည္းျဖည္း ေဝးလာခဲ့ၿပီး ထိပ္သီး ၄ သင္း ဝင္ဖို႔ထက္ ၆ သင္းထဲ ဝင္ႏိုင္ဖို႔ေတာင္ ခက္ခဲလာ‌ေၾကာင္း၊ ၿပီးခဲ့တဲ့ရာသီထက္ေတာင္ အ‌ေျခအေန ဆိုး‌ေန‌ေၾကာင္း ေျပာၾကားခဲ့ပါတယ္။ အသင္းေခါင္းေဆာင္ေဟာင္း ႐ြိဳင္းကိန္းကေတာ့ ဒီႏွစ္ပိုင္းေတာက္ေလွ်ာက္မွာ ယူႏိုက္တက္ဟာ ‌ေျခစြမ္းမေကာင္းတဲ့ ကစားသမားေတြနဲ႔ ျဖတ္သန္းေနရ‌တယ္လို႔ စိတ္မေကာင္းစြာ ေျပာၾကားသြားခဲ့ပါတယ္။
2 years Ago
Up