စုပေါင်းရေသဘင်ပွဲတော်က

A d v e r t i s e m e n t With Us

March 10, 2020

ရန်ကုန်တက္ကသိုလ် စုပေါင်းရေသဘင်ပွဲတော်ကျင်းပ

ရန်ကုန်တက္ကသိုလ် စုပေါင်းရေသဘင်ပွဲတော်ကို မတ်လ ၁၀ ရက်နေ့က ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာခန်းမရှေ့ မြက်ခင်းပြင်မှာကျင်းပပါတယ်။ ရန်ကုန်တက္ကသိုလ်သင်္ကြန်ပွဲတော်ကိုတော့ ကျောင်းသားသမဂ္ဂနဲ့ ကျောင်းသားကျောင်းသူတွေ စုပေါင်းပြီးကျင်းပတာဖြစ်ပါတယ်။ ဒီနှစ် ရန်ကုန်တက္ကသိုလ်သင်္ကြန်မှာတော့ အရင်နှစ်တွေလို အနုပညာရှင်တွေရဲ့ ဖျော်ဖြေ တင်ဆက်မှုတွေမပါဝင်ဘဲ ကျောင်းသား၊ကျောင်းသူတွေရဲ့ ဖျော်ဖြေမှု သီးသန့်နဲ့ ကျင်းပခဲ့ပါတယ်။  ဒီပွဲမှာတော့ မေဂျာအသီးသီးက ကျောင်းသား၊ကျောင်းသူတွေရဲ့ ရေကစားမဏ္ဍပ်တွေ၊ စတုဒီသာမဏ္ဍပ်တွေနဲ့ သင်္ကြန်ပွဲတော်ကို စည်စည်ကားကားကျင်းပပါတယ်။  ရန်ကုန်တက္ကသိုလ်မှာ ကျောင်းသင်္ကြန်ပွဲတော် ကျင်းပလာတာဟာ ၄ ကြိမ်မြောက်ရှိပြီ ဖြစ်ပါတယ်။
12 months Ago
Up