ပန်းချီပညာရှင် ၂၄ ဦးရဲ့ မြန်မာ့အလှအမည်ရှိ စုပေါင်းပန်းချီပြပွဲကို ရန်ကုန် ဗိုလ်ချုပ်ဈေးထဲက MAOC gallery မှာ ပြုလုပ်နေပါတယ်။
ဒီပြပွဲကို ၂၀၂၀ ပြည့်နှစ် သြဂုတ် ၁၂ ရက်ကနေ ၁၆ ရက်အထိ ၅ ရက်ကြာ နေ့စဉ် မနက် ၉ နာရီကနေ ညနေ ၅ နာရီအတွင်း ပြသသွားမှာပါ။
ပန်းချီကား ၆၇ ကား (ရေဆေး ၁၄ ကား၊ ဆီဆေး ၄ ကား၊ အခရိုင်းလစ် ၄၉ ကား) ပြသထားပြီး တကားကို ဒေါ်လာ ၁၀၀ ကနေ ၇၀၀ အထိ ရောင်းဈေး သတ်မှတ်ထားပါတယ်။
ဒီပွဲဟာ ကိုဗစ် -၁၉ ကပ်ရောဂါတွေကြောင့် ၄ လလောက် ရပ်နားထားအပြီး မြန်မာနိုင်ငံ ပန်းချီပန်းပုအစည်းအရုံးရဲ့ MAOC Art Gallery မှာ ပထမဆုံးအကြိမ် ပြန်လည် ကျင်းပတဲ့ ပန်းချီပြပွဲလည်း ဖြစ်ပါတယ်။
2 years Ago