စုပေါင်းဂိတ်

April 17, 2021

စစ်ကောင်စီတပ်ဖွဲ့၏ စုပေါင်းဂိတ် ၁ ခုကို ကေအိုင်အေ တိုက်ခိုက်သိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ချီဗွေနဲ့ ကန်ပိုက်တီးလမ်းခွဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီအကြမ်းဖက်အဖွဲ့ရဲ့ စုပေါင်းဂိတ် ၁ ခုကို  ကေအိုင်အေက ဧပြီ ၁၇ ရက် ဒီနေ့ မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်ထားပြီလို့ ကေအိုင်အေ အရာရှိတစ်ဦးက အတည်ပြုပြောပါတယ်။

ဒေသခံပြည်သူတွေကို  နေ့ညမပြတ် ဟန့်တားကာ အနှောင့်အယှက်ပေးနေတဲ့ စစ်ကောင်စီအကြမ်းဖက်အဖွဲ့ရဲ့ စုပေါင်းဂိတ်ကို တိုက်ခိုက်သိမ်းပိုက်ခဲ့တာလို့ ဆိုပါတယ်။

ဒီနေ့မနက်မှာတင် ကချင်ပြည်နယ် နေရာတချို့မှာ ကေအိုင်အေတပ်ဖွဲ့နဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့တို့ ကြားတိုက်ပွဲတွေဖြစ်နေပြီး အကြမ်းဖက်အဖွဲ့က တာဝေးပစ် RPG တစ်လုံးကျလို့ မြစ်ကြီးနားမြို့ အလယ်‌မော်ဖောင်းကျေးရွာက ပြည်သူတစ်ဦး လက်မှာဒဏ်ရာပြင်း ထန်စွာရရှိသွားတယ်လို့ သိရပါတယ်။

8 months Ago
Up