စုစုပေါင်း ၁၅ ဦး

September 12, 2020

ကိုဗစ်-၁၉ အတည်ပြုလူနာ ၁ ဦး ထပ်မံသေဆုံး၊ စုစုပေါင်း ၁၅ ဦး ရှိလာ

ကိုဗစ်-၁၉ အတည်ပြုလူနာ အမျိုးသမီးငယ်တယောက် မနေ့က ထပ်ပြီး သေဆုံးသွားတယ်လို့ ကျန်းမာရေးဌာနက အခုနေ့လယ်မှာ ထုတ်ပြန်ပါတယ်။ ကိုဗစ်-၁၉ ကုသရေးဌာန (ဖောင်ကြီး) မှာ တက်ရောက်ကုသခံနေတဲ့ အသက် ၃၂ နှစ်အရွယ် အမျိုးသမီး (Case 2165) ဟာ ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက် အသက်ရှူလမ်းကြောင်းပျက်စီးတာနဲ့ အရေပြားလေးဘက်နာရောဂါအခံကြောင့် ကျောက်ကပ် ပျက်စီးပြီး စက်တင်ဘာ ၁၁ ရက် ညနေ ၄ နာရီကျော်က သေဆုံးခဲ့တာပါ။ ဒါကြောင့် ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၂,၄၄၅ ဦးထဲက သေဆုံးသူစုစုပေါင်း ၁၅ ယောက်ရှိလာပြီ ဖြစ်ပါတယ်။
1 year Ago
Up