တရုတ်နိုင်ငံမှာ ကား ၂ စီးက စီးဆော (see-saw) ပေါ်တက်ပြီး စတန့်အနေနဲ့ သရုပ်ဖော် ပြသခဲ့ပါတယ်။
သြဂုတ် ၃၀ ရက်နေ့ ယူကျု့ပေါ်တင်ထားတဲ့ ရုပ်သံဖိုင်မှာတော့ ကားတစီးက စီးဆော တဖက်မှာ နေရာယူပြီးတဲ့နောက် နောက်တစီးက စီးဆော တဖက်ကို တက်ရောက်ကာ ကျွမ်းကျင်မှုကို ပြသခဲ့ပါတယ်။
ကားတစီးက တဖက်ကို လျှောကျသွားချိန်မှာ နောက်ကားတစီးက ရှေ့တိုးနောက်ဆုတ် လုပ်ပြီး ဟန်ချက်ကို ထိန်းညှိနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။
ဒီလို ဟန်ချက်ညိအောင် မောင်းနှင်နိုင်ဖို့ကလည်း လေ့ကျင့်မှု အားကောင်းဖို့ လိုတယ်လို့ တရုတ်ပြည်သူ့ နေစဉ်သတင်းက ဖော်ပြပါတယ်။
5 years Ago