စီးရီးအေပြိုင်ပွဲ

July 29, 2018

လာမည့် စီးရီးအေပြိုင်ပွဲ ခက်ခက်ခဲခဲ ယှဉ်ပြိုင်ရမည်ဟု ဂျူဗင်တပ်နည်းပြပြော

လာမယ့် အီတလီစီးရီးအေ ရာသီဟာ ပြီးခဲ့တဲ့ရာသီထက် ပိုပြီး ခက်ခက်ခဲခဲ ယှဉ်ပြိုင်ရနိုင်တယ်လို့ ဂျူဗင်တပ် နည်းပြ အယ်လီဂရိက ပြောပါတယ်။ စီးရီးအေထိပ်သီး ဂျူဗင်တပ်အသင်းဟာ ဒီနှစ်ရာသီမှာ တိုက်စစ်မှူး ရော်နယ်ဒိုကို အသင်းရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေး ယူရိုသန်း ၁ဝဝ လောက် ပေးပြီး ခေါ်ယူထားတာပါ။ နည်းပြ အယ်လီဂရိကတော့ ရော်နယ်ဒိုကို ခေါ်ထားပေမယ့် လာမယ့်ရာသီက ထင်သလောက် လွယ်ကူမှာ မဟုတ်ဘဲ ပိုပြီးတော့ ခက်ခဲနိုင်တယ်လို့ ပြောပါတယ်။ လောလောဆယ်မှာ ဂျူဗင်တပ်အသင်းဟာ ရာသီအကြို အင်တာနေရှင်နယ် ချန်ပီယံဖလားပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နေပါတယ်။ အသစ်ခေါ်ယူထားတဲ့ တိုက်စစ်မှူး ရော်နယ်ဒိုဟာ စီးရီးအေလက်ရှိချန်ပီယံ ဂျူဗင်တပ်အသင်းနဲ့အတူ လာမယ့် ဇူလိုင် ၃ဝ ရက် လေ့ကျင့်ရေး စတင်မှာ ဖြစ်ပါတယ်။
3 years Ago
Up