စီးရီးအေဖလား

July 27, 2020

စီးရီးအေဖလား ကိုရိုနာကြောင့် ထိခိုက်ခံစားရတဲ့ ပရိသတ်တွေကို ရည်ညွှန်းပါတယ် - ရော်နယ်ဒို

ဂျူဗင်တပ်စ်အသင်းရဲ့ စီးရီးအေဆုဖလားဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုအတွင်း ထိခိုက်ခံစားခဲ့ရတဲ့ ပရိတ်သတ်တွေအတွက် ရည်ရွယ်တယ်လို့ တိုက်စစ်မှူး ရော်နယ်ဒိုက ပြောပါတယ်။  ဂျူဗင်တပ်စ်အသင်းဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ ဆမ့်ဒိုးရီးယားအသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပြီး စီရီးအေဖလားကို  ၉ နှစ်ဆက်တိုက်ရရှိခဲ့ပါတယ်။  ဂျူဗင်တပ်စ်အသင်းဟာ စီးရီးအေပြိုင်ပွဲပြီးဆုံးဖို့ ၂ ပွဲကျန်ရှိနေချိန်မှာ ချန်ပီယံဆု ကို ဆွတ်ခူးရရှိခဲ့တာဖြစ်ပြီး ဒီပွဲမှာ ရော်နယ်ဒိုက ၁ ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ဒီရာသီအတွင်း သွင်း ဂိုးအရေအတွက် ၃၅ ဂိုးအထိ ရှိလာခဲ့ပါတယ်။ ရော်နယ်ဒိုက “ဒီဆုဖလားဟာ ဂျူဗင်တပ်စ်အသင်းပရိသတ်အားလုံးကို ရည်ညွှန်းပါတယ်။ အထူးသဖြင့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိခိုက်ခံစားခဲ့ရတဲ့၊ ခံစားနေရတဲ့ ပရိသတ်တွေအတွက်ပါ။ ဒါဟာလွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ခင်ဗျားတို့ရဲ့ခွန်အားတွေ၊ စိတ်ဓာတ်တွေ၊ စိတ်ပိုင်းဖြတ်မှုတွေဟာ ချန်ပီယံဆုကိုရရှိရေးနဲ့ အီတလီတနိုင်ငံလုံးနဲ့သက်ဆိုင်တဲ့ ဆုဖလားကို နောက်ဆုံးအခြေအနေအထိ တိုက်ပွဲ ဝင်ဖို့အတွက် ကျနော်တို့လိုအပ်နေတဲ့ အင်အားတွေပါပဲ” လို့ သူ့ရဲ့အင်စတာဂရမ်မှာ ရေးသားခဲ့ပါ တယ်။  ဒီအောင်မြင်မှုအတွက် မန်နေဂျာဆာရီက “ရော်နယ်ဒိုနဲ့ ဒိုင်ဘားလားတို့ဟာကွင်းထဲမှာ ကွဲပြားခြားနား မှုတွေကို လုပ်ဆောင်ပြနိုင်သူတွေပါ။ ဒါကြောင့် သူတို့က ချီးကျူးခံရဖို့ ထိုက်တန်ပါတယ်။ ဒါပေမယ့် အသင်းသား  အားလုံးကိုလည်း မေ့ထားလို့မရပါဘူး” လို့ ပြောပါတယ်။ 
10 months Ago

July 8, 2020

ကျနော်သာ ရာသီအစကတည်းက ရှိနေခဲ့ရင် စတူဂတ်တိုဖလား ဆွတ်ခူးနိုင်ပါတယ် - အီဗရာဟီမိုဗစ် 

အေစီမီလန်အသင်းသာ သူ့ကို ရာသီအစကတည်းက ခေါ်ယူခဲ့မယ်ဆိုရင် စီးရီးအေဖလား ဆွတ်ခူးနိုင်လောက်တယ်လို့ တိုက်စစ်မှူး ဇလာတန် အီဗရာဟီမိုဗစ်က ဂျူဗင်တပ်စ်အသင်းကို ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲအပြီးမှာ ပြောပါတယ်။  အေစီမီလန်‌ ကစားသမားဟောင်း မိုဗစ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ မီလန်အသင်းကို ပြန်လည်ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။ နတ်ဘုရားကြီးလို့ နာမည်ပြောင် ရရှိထားတဲ့ မိုဗစ်ဟာ အသက် ၃၈ နှစ်အရွယ်အထိ ဂိုးတွေ သွင်းယူနိုင်နေဆဲဖြစ်ပြီးတော့ ဂျူဗင်တပ်စ်နဲ့ပွဲစဉ်မှာလည်း မီလန်အသင်းအတွက် ပထမဆုံးဂိုးကို ပင်နယ်တီကနေတဆင့် သွင်းယူပေးခဲ့ပါတယ်။  ဒါ့ကြောင့် သူ့ရဲ့မီလန်အသင်းအတွက် သွင်းဂိုးဟာ ၆ ဂိုးအထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ဒီဂိုးမတိုင်ခင် မီလန်အသင်းဟာ နှစ်ဂိုးပြတ်နဲ့ ရှုံးနိမ့်နေခဲ့တာဖြစ်ပြီး မိုဗစ် ဂိုးသွင်းယူခဲ့ပြီး နောက်ထပ် ၃ ဂိုး ထပ်မံရရှိခဲ့ကာ ပွဲအပြီးမှာ ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ “ကျနော်သာ ဒီအသင်းမှာ ရာသီအစကတည်းက ရှိနေခဲ့မယ်ဆိုရင် ကျနော်တို့ဟာ စတူဂတ်တို ဖလားကိုတောင် ဆွတ်ခူးနိုင်ပါတယ်” လို့ မိုဗစ်က ပွဲအပြီးမှာ ပြောပါတယ်။  မိုဗစ်ဟာ မီလန်အသင်းသားတွေကြားမှာ role model တစ်ဦးအဖြစ် တင်စားပြောဆိုခံနေရသူ ဖြစ်ပြီး “ဒီအသင်းမှာ ကျနော်ဟာ ဥက္ကဋ္ဌ ဆိုလည်း ဟုတ်သလို၊ နည်းပြ၊ ကစားသမားဆိုလည်း ဟုတ်ပါတယ်။ ဒါပေမဲ့ သူတို့ဟာ ကျနော့်ကို ကစားသမား လစာပဲ ပေးပါတယ်” လို့လည်း ခပ်ရွှတ်ရွှတ် ပြောပါတယ်။ အေစီမီလန်အသင်းဟာ မိုဗစ်ကို ရာသီကုန်အထိသာ ခေါ်ယူထားတာဖြစ်ပြီး နောက်ရာသီ ဒီအသင်းမှာ ဆက်ရှိ၊ မရှိကိုတော့ မသေချာဘူးလို့ မိုဗစ်က ပြောပါတယ်။ ဂျူဗင်တပ်စ်နဲ့ ပွဲစဉ်ကို အနိုင်ရရှိခဲ့တာကြောင့် မီလန်အသင်းဟာ စီးရီးအေ အမှတ်ပေးဇယားရဲ့ အဆင့် ၅ နေရာကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
10 months Ago
Up