စီးရီးအေပြိုင်ပွဲများ

March 11, 2020

စီးရီးအေပြိုင်ပွဲများ  ပြီးဆုံးမည်မဟုတ်ဟု အီတလီဘောလုံးအဖွဲ့ချုပ် ပြော

အခုရာသီအတွက် အီတလီ စီးရီးအေပြိုင်ပွဲတွေ ပြီးဆုံးမှာမဟုတ်ဘူးလို့ အီတလီ ဘောလုံးအဖွဲ့ချုပ်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဒါ့ကြောင့် ချန်ပီယံ အဆုံးအဖြတ်အတွက်နဲ့ တန်းဆင်း တန်းတက်ရေး အဆုံးအဖြတ်တွေအတွက် Play OFF ကစားတဲ့ပုံစံနဲ့ ဆုံးဖြတ်သွားမယ်လို့လည်း သိရပါတယ်။ အီတလီနိုင်ငံမှာ Covid-19 ကြောင့် တနိုင်ငံလုံး ပိတ်ချလိုက်ပြီး စီးရီးအေပွဲစဉ်တွေ အပါအဝင် ပြိုင်ပွဲအားလုံးနီးပါးကို တံခါးပိတ် ကျင်းပနေပါတယ်။ လက်ရှိမှာတော့ အီတလီ အားကစားအဖွဲ့ချုပ်က အားကစားပြိုင်ပွဲအားလုံးကို ‌ဧပြီ ၃ ရက်နေ့အထိ ပိတ်ထားပါတယ်။
2 years Ago
Up