စီးရီးအေကလပ်

A d v e r t i s e m e n t With Us

May 12, 2020

အသက် ၁၉ နှစ်အရွယ်တွင် ကြွေလွင့်ခဲ့ရသည့် စီးရီးအေကလပ် အတ္တလန္တာ ကစားသမား ရီနယ်ဒီ

အတ္တလန္တာအသင်းရဲ့ အသက် ၁၉ နှစ်အရွယ် ကွင်းလယ်ကစားသမား အန်ဒရီယာ ရီနယ်ဒီဟာ ဦးနှာက်သွေးကြော ချို့ယွင်းမှုကြောင့်  မေ ၁၁ ရက်က ကွယ်လွန်သွားပါတယ်။ ရီနယ်ဒီဟာ အတ္တလန္တာအသင်းရဲ့ လူငယ်စီမံကိန်းကနေ ပေါ်ထွက်လာတဲ့ ကစားသမားတဦး ဖြစ်ပြီး စီးရီးဒီကလပ် လက်နာနိုမှာ တရာသီ အငှားစာချုပ်နဲ့ သွားရောက်ကစားနေသူ ဖြစ်ပါတယ်။ ရီနယ်ဒီဟာ ကိုနာဗိုင်းရပ်စ် lockdown ကာလအတွင်း အိမ်မှာ လေ့ကျင့်ရေးပြုလုပ်နေစဉ် သောကြာနေ့က ဦးနှောက်သွေးကြောချို့ယွင်းမှု ဝေဒနာကို ခံစားခဲ့ရလို့ သူ့ကို ဗာရီဆီရှိ ဆေးရုံတရုံကို တင်ပို့ခဲ့ပါတယ်။ ဆေးရုံမှာ သုံးရက်ကြာကုသမှုခံယူခဲ့ပြီးနောက်မှာ သူဟာ ကွယ်လွန်သွားခဲ့တာပါ။ ရီနယ်ဒီရဲ့ သေဆုံးမှုဟာ ရုတ်တရက်ပေါ်ပေါက်လာတဲ့ ဝမ်းနည်းဖွယ်ရာ ကိစ္စရပ်တခုဖြစ်ပြီး ဒီလိုဖြစ်လိမ့်မယ်လို့ စိတ်တောင်မကူးခဲ့ဖူးဘူးလို့ သူ အငှားသွားရောက်ကစားနေတဲ့ လက်နာနိုအသင်းက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။  “အန်ဒရီယာဟာ ဝေဒနာကို သုံးရက်ကြာခံစားခဲ့ရပြီး ကံမကာင်းစွာနဲ့ဘဲ ပြန်လည်တွန်းလှန်နိုင်ခြင်း မရှိခဲ့ပါဘူး” လို့လည်း အဲဒီကြေညာချက်မှာ ‌ ရေးသားထားပါတယ်။ ရီနယ်ဒီဟာ စီးရီးအေကလပ် အတ္တလန္တာအသင်းကို အသက် ၁၃ နှစ်အရွယ်ကတည်းက ရောက်ရှိလာခဲ့သူဖြစ်ပြီး ယူ-၁၇ အသင်းနဲ့အတူ ၂၀၁၆ ခုနှစ်မှာ လိဂ်ဖလားနဲ့ စူပါဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့သူ ဖြစ်ပါတယ်။  သူဟာ လက်နာနိုအသင်းအတွက် ဒီရာသီအတွင်း ၂၃ ပွဲကစားကာ ၁ ဂိုး သွင်းယူပေးနိုင်ခဲ့သူဖြစ်ပြီး သူ သေဆုံးမှုအတွက် မိသားစုဝင်တွေနဲ့အတူ ထပ်တူဝမ်းနည်းကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။
10 months Ago

January 9, 2020

အက်ရှ်လေယန်းကို ခေါ်ယူရန် အင်တာမီလန် ကြိုးပမ်း

စီးရီးအေကလပ် အင်တာမီလန်အသင်းဟာ ယူနိုက်တက်အသင်းရဲ့ အင်္ဂလန်နောက်ခံလူ အက်ရှ်လေယန်းကို ခေါ်ယူဖို့ ဆွေးနွေးနေတယ်လို့ Sky Sports သတင်းမှာဖော်ပြပါတယ်။  အသက် ၃၄ နှစ် ရှိပြီဖြစ်တဲ့ အင်္ဂလန်နောက်ခံလူ ယန်းနဲ့ ယူနိုက်တက်အသင်းတို့ရဲ့စာချုပ်ဟာ အခုရာသီပြီးချိန် ကုန်ဆုံး မှာဖြစ်တာကြောင့် သူဟာ ဇန်နဝါရီလမှာ အင်တာအသင်းကို အလွတ်ပြောင်းရွေ့ခွင့်ရမှာဖြစ်ပါတယ်။  အီတလီက  လာတဲ့သတင်းတွေအရ အခုလအတွင်းမှာသာ ခေါ်ယူခွင့်ရမယ်ဆိုရင် သူ့ကို ၁၈ လစာချုပ်နဲ့ ကမ်းလှမ်းသွားဖို့ ရှိနေတယ်လို့ သိရပေမယ့် ယူနိုက်တဘက်ကတော့ ကစားသမားကို ဇန်နဝါရီအပြောင်းအရွှေ့မှာ ထွက်ခွာ ခွင့်ပေးမလားဆိုတာတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။  ဒါပေမယ့် ယန်းသာ အင်တာအသင်းကို အမှန်တကယ်ပြောင်းရွှေ့နိုင်ခဲ့မယ်ဆိုရင် သူဟာ လူကာကူ၊ ဆန်းချက်ဇ်တို့ပြီးနောက် ကွန်တီရဲ့အင်တာအသင်းကို သွားရောက်ပူးပေါင်းမယ့် တတိယမြောက် ယူနိုက်တက်ကစားသမား ဖြစ်လာမှာပါ။ ယန်းဟာ အခုရာသီအတွင်း ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ ၁၂ ပွဲ ပါဝင်ကစားခွင့်ရထားသူဖြစ်ပြီး အခုချိန်မှာ  အသင်းကနေ ထွက်ခွာတာဟာ ကစားသမားအတွက်ရော အသင်းအတွက်ပါ အဆင်ပြေစေမယ့်ကိစ္စ ဖြစ်တယ်လို့ ယူနိုက်တက်နောက်ခံလူဟောင်း ဂျွန်အိုရှေးကပြောပါတယ်။  ဒါပေမယ့် ယူနိုက်တက်အသင်းနည်းပြ ဆိုးလ် ရှားကတော့ “ယန်းရဲ့အပြောင်းအရွှေ့ကိစ္စတွေကို ကျနော်ဘာတခုမှမသိပါဘူး။ ဒီနှစ်ရာသီ ကုန်ဆုံးဖို့ လအနည်းငယ်ကျန်နေဆဲဖြစ်ပြီး ကျနော်တို့ဟာ ကိုယ့်အသင်းကိုအားနည်း သွားစေမယ့်လုပ်ရပ်မျိုးလုပ်လို့ မရပါဘူး။ ကျနော်တို့ ကိုယ့်ကိုယ်ကိုယ် အားပြည့်နေအောင်လုပ်ဆောင်ထားဖို့  လိုအပ်ပါတယ်” လို့ မန်စီတီးကိုရှုံးနိမ့်ခဲ့တဲ့ ကာရာဘောင်းပြိုင်ပွဲအပြီးမှာ ပြောဆိုခဲ့ပါတယ်။  စီးရီးအေမှာ ဂျူဗင်တပ်စ်အသင်းရဲ့ ကာလရှည်လွှမ်းမိုးထားမှုကို ချေဖျက်ဖို့ပြင်ဆင်နေတဲ့ အင်တာမီလန်အသင်းဟာ အက်ရှ်လေယန်းအပြင် နောက်ထပ်ပရီးမီးယားလိဂ် ကစားသမား နှစ်ဦးဖြစ်တဲ့ စပါးကွင်းလယ်လူ အဲရစ်ဆင်နဲ့  ချဲလ်ဆီးအသင်းရဲ့ တိုက်စစ်မှူး ဂျီရော့ဒ်တို့ကို ခေါ်ယူဖို့အတွက် ပြင်ဆင်နေတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။ 
1 year Ago
Up