စီးပွားရေး နာမည်ပျက်စာရင်းသွင်း

July 22, 2020

တရုတ်ကုမ္ပဏီ ၁၁ ခုကို အမေရိကန်အစိုးရက စီးပွားရေး နာမည်ပျက်စာရင်းသွင်း

တရုတ်နိုင်ငံထဲက မွတ်စလင် ဝီဂါတိုင်းရင်းသားတွေအပေါ် ဆက်ဆံပုံနဲ့ပတ်သက်ပြီး တရုတ်ကုမ္ပဏီ ၁၁ ခုကို အမေရိကန် အစိုးရက စီးပွားရေး နာမည်ပျက်စာရင်းသွင်းလိုက်ပါတယ်။ ဒါကြောင့် အမေရိကန်ဟာ ပြည်ပတင်ပို့ကုန် ထိန်းချုပ်ရေး လုပ်ဆောင်ချက်တွေကို အလွဲသုံးစား လုပ်နေတယ်လို့ တရုတ်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင် ၂၁ ရက်မှာ စွပ်စွဲလိုက်ပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ဝါမ်ဝမ်ဘင်က “ဒီလုပ်ရပ်ကို တရုတ်အစိုးရက အခိုင်အမာ ဆန့်ကျင်တယ်။ တရုတ်လုပ်ငန်းတွေရဲ့ တရားဝင် အခွင့်အရေးကို ရတာ သေချာစေရေး လိုအပ်သမျှ အားလုံး လုပ်သွားမယ်” လို့  သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ အမေရိကန် စီးပွားရေးဝန်ကြီးဌာနက ဇူလိုင် ၂၀ မှာ နာမည်ပျက်စာရင်းသွင်းတာ ခံခဲ့ရတဲ့ တရုတ်ကုမ္ပဏီ ၁၁ ခုထဲမှာ အများအပြားက အထည်ချုပ်လုပ်ငန်းတွေပါ။  တရုတ်နိုင်ငံ ရှင်းကျန်းပြည်နယ်ထဲမှာ ဝီဂါနဲ့ တခြား မွတ်စလင်လူနည်းစု တိုင်းရင်းသားတွေအပေါ် ဖိနှိပ်မှု ကျင့်သုံးရာမှာ မျိုးဆက်လိုက် စီမံခန့်ခွဲခဲ့တယ်လို့ အမေရိကန်အစိုးရက ပြောပါတယ်။ အမေရိကန် အစိုးရက တရုတ်ကုမ္ပဏီ ၃၇ ခုကို နှစ်ကျော့ပြန် နာမည်ပျက်စာရင်းသွင်းခဲ့တာဖြစ်ပြီး အခုအုပ်စုကတော့ တတိယအုပ်စု ဖြစ်တယ်လို့ ရိုက်တာ သတင်းဌာနက ရေးပါတယ်။
2 years Ago
Up