စီးပွားရေး ကျဆင်း

A d v e r t i s e m e n t With Us

June 3, 2020

ဩစတြေးလျ စီးပွားရေး ကျဆင်းနေဟု ဘဏ္ဍာရေးဝန်ကြီး ပြော

၂၀၂၀ ပြည့်နှစ် ပထမ ၃ လပတ်မှာ ပြည်တွင်းအသားတင်ကုန်ထုတ်လုပ်မှု (GDP) တန်ဖိုး ကျခဲ့ပြီးနောက် သြစတြေးလျ စီးပွားရေး ကျဆင်းနေပြီလို့ ဘဏ္ဍာရေးဝန်ကြီးက ဇွန် ၃ ရက်မှာ ပြောပါတယ်။ သြစတြေးလျ စာရင်းအင်းဗျူရို (ABS) ထုတ်ပြန်ချက်အရ ၂၀၂၀ ပထမ ၃ လပတ်မှာ သြစတြေးလျ ဒေါ်လာ ၂ ထရီလီယံ၊ ရာခိုင်နှုန်းအားဖြင့် ၀ ဒသမ ၃ ရာခိုင်နှုန်း ကျုံ့သွားခဲ့ပြီး ဒါဟာ  ၉ နှစ်တာကာလအတွင်း ပထမဆုံးအကြိမ် ကျဆင်းသွားတာပါ။ အဆိုးရွားဆုံး တောမီးလောင်တာ၊ ကာလရှည် မိုးခေါင်တာနဲ့ ကိုဗစ်-၁၉ ကပ်ရောဂါတို့ကြောင့် သြစတြေးလျ စီးပွားရေးဟာ ၂၀၀၉ ကမ္ဘာ့ဘဏ္ဍာရေး အကျပ်အတည်း နောက်ပိုင်း အနှေးကွေးဆုံး၊ နှစ်စဉ် စီးပွားရေး တိုးတက်နှုန်းကို ၁ ဒသမ ၄ ရာခိုင်နှုန်းအထိ ရောက်ရှိစေခဲ့ပါတယ်။  ၃ လပတ် နှစ်ခုဆက်တိုက် စီးပွားရေး ကျုံ့ဝင်တာက သြစတြေးလျကို ၁၉၉၀ အစောပိုင်းကာလနောက်ပိုင်း ပထမဆုံးအကြိမ် စီးပွားရေး ကျဆင်းစေပြီး ကမ္ဘာ့အရှည်ကြာဆုံး  ဖွံဖြိုးတိုးတက်တဲ့ နိုင်ငံတစ်ခုအဖြစ်ကို အဆုံးသတ်စေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
9 months Ago
Up